၃ ယေဟောဝါက ဇိအုန်ကို နှစ်သိမ့်ပေးမယ်။+
သူ့ရဲ့အပျက်အယွင်းတွေကို နှစ်သိမ့်ပေးမယ်။+
တောကန္တာရကို ဧဒင်ဥယျာဉ်လို၊+
ကန္တာရလွင်ပြင်ကို ယေဟောဝါရဲ့ ဥယျာဉ်လို ဖြစ်စေမယ်။+
ဇိအုန်မှာ လူတွေ ရွှင်လန်းဝမ်းမြောက်ပြီး ကျေးဇူးတင်ချီးမွမ်း ကြလိမ့်မယ်။
သာယာနာပျော်ဖွယ်သီချင်းတွေ ဆိုကြလိမ့်မယ်။+