၂ ဘုရင်များ ၂၅:၆၊ ၇ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၆ အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+ ယေရမိ ၃၄:၃ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၃ မင်းက ဗာဗုလုန်ဘုရင်လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ကျိန်းသေ အဖမ်းခံရပြီး သူ့လက်ထဲ ရောက်သွားမယ်။+ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး စကားပြောရမယ်။ ဗာဗုလုန်ကို မင်း လိုက်ပါသွားရမယ်။’+ ယေရမိ ၅၂:၁၁ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၁ ဗာဗုလုန်ဘုရင်က ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက်+ ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ သေတဲ့အထိ အကျဉ်းချထားလိုက်တယ်။ ယေဇကျေလ ၁၇:၁၆ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၆ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သူက* နန်းတင်တဲ့ဘုရင်နဲ့* သစ္စာဆိုထားတာကို မလိုက်နာတဲ့အပြင် ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်။ အဲဒီဘုရင်နန်းစိုက်ရာ ဗာဗုလုန်မြို့မှာပဲ သူသေရမယ်။+
၆ အဲဒီနောက် ဇေဒကိကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ဖမ်းခေါ်လာပြီး+ စီရင်ချက်ချကြတယ်။ ၇ ဇေဒကိရှေ့မှာပဲ သူ့သားတွေကို ကွပ်မျက်လိုက်တယ်။ နေဗုခဒ်နေဇာက ဇေဒကိရဲ့မျက်စိကို ဖောက်ပစ်ပြီးနောက် ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။+
၃ မင်းက ဗာဗုလုန်ဘုရင်လက်ကနေ လွတ်မှာ မဟုတ်ဘူး။ ကျိန်းသေ အဖမ်းခံရပြီး သူ့လက်ထဲ ရောက်သွားမယ်။+ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး စကားပြောရမယ်။ ဗာဗုလုန်ကို မင်း လိုက်ပါသွားရမယ်။’+
၁၁ ဗာဗုလုန်ဘုရင်က ဇေဒကိရဲ့မျက်စိကို ဖောက်ပြီးနောက်+ ကြေးနီခြေကျဉ်းခတ်ပြီး ဗာဗုလုန်ကို ခေါ်သွားတယ်။ သေတဲ့အထိ အကျဉ်းချထားလိုက်တယ်။
၁၆ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ သူက* နန်းတင်တဲ့ဘုရင်နဲ့* သစ္စာဆိုထားတာကို မလိုက်နာတဲ့အပြင် ပဋိညာဉ်ကို ချိုးဖောက်ခဲ့တယ်။ အဲဒီဘုရင်နန်းစိုက်ရာ ဗာဗုလုန်မြို့မှာပဲ သူသေရမယ်။+