-
ယေရမိ ၅၂:၂၄-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီအပြင် ကိုယ်ရံတော်တပ်မှူးက ပုရောဟိတ်မင်း စရာယ၊+ လက်ထောက်ပုရောဟိတ် ဇေဖနိနဲ့+ တံခါးစောင့်သုံးယောက်ကို ခေါ်သွားတယ်။+ ၂၅ နန်းတွင်းအရာရှိ စစ်သူကြီးတစ်ယောက်၊ မြို့ထဲမှာရှိနေတဲ့ ဘုရင့်မိတ်ဆွေရင်း ခုနစ်ယောက်၊ စစ်သည်တွေကို စုဆောင်းတဲ့ ဗိုလ်ချုပ်ရဲ့ လက်ထောက်၊ မြို့ထဲမှာ ရှိနေတဲ့ ပြည်သူပြည်သား ၆၀ ကိုလည်း ခေါ်သွားတယ်။ ၂၆ ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်က သူတို့ကို ရိဗလမြို့မှာရှိတဲ့ ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။ ၂၇ ဗာဗုလုန်ဘုရင်က သူတို့ကို ဟာမတ်နယ်မြေ၊ ရိဗလမြို့မှာ ကွပ်မျက်လိုက်တယ်။+ ဒီလိုနဲ့ ယုဒလူတွေဟာ ဇာတိမြေကနေ ပြည်နှင်ခံခဲ့ရတယ်။+
-