ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၄:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ ယေဟောဝါက မောရှေရှေ့မှာ ဖြတ်သွားပြီး “ယေဟောဝါဟာ ကရုဏာရှိပြီး+ သနားစာနာတတ်တဲ့ဘုရား၊+ ယေဟောဝါဟာ အမျက်ထွက်နှေးပြီး+ ခိုင်မြဲတဲ့မေတ္တာနဲ့+ သစ္စာတရား ကြီးမားတဲ့ဘုရား၊+ ၇ လူထောင်ပေါင်းများစွာကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား၊+ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်ပေမဲ့+ ပြစ်မှားသူကို ဒဏ်မပေးဘဲမနေတဲ့ဘုရား၊+ ဖခင်ရဲ့အပြစ်အတွက် သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ ဘုရားပဲ”+ လို့ပြောတယ်။

  • ဟေရှာယ ၁:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ ယေဟောဝါပြောတာက– “လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။+

      မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင်

      နှင်းပွင့်လို ဖြူဖွေးသွားမယ်။+

      ကတ္တီပါလို နီရဲနေရင်တောင်

      သိုးမွေးလို ဖြူဖွေးသွားမယ်။

  • ဟေရှာယ ၄၄:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ မိုးတိမ်နဲ့ ဖုံးအုပ်သလို မင်းရဲ့အမှားတွေကို ငါဖုံးအုပ်ပေးမယ်။+

      တိမ်ထုကြီးနဲ့ ဖုံးအုပ်သလို မင်းရဲ့အပြစ်တွေကို ဖုံးအုပ်ပေးမယ်။

      မင်းကို ငါပြန်ဝယ်မှာဖြစ်လို့ ငါ့ဆီ ပြန်လှည့်လာပါ။+

  • ယေရမိ ၅၀:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ “အဲဒီနေ့ရက်ကာလရောက်ရင်

      အစ္စရေးရဲ့ပြစ်မှားမှုကို ရှာပေမဲ့ တွေ့မှာ မဟုတ်ဘူး။

      ယုဒရဲ့အပြစ်ကိုလည်း ရှာတွေ့မှာ မဟုတ်ဘူး။

      ငါချန်ထားသူတွေကို ငါခွင့်လွှတ်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။

  • ဒံယေလ ၉:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါဟာ ကရုဏာရှိပြီး ခွင့်လွှတ်တတ်တယ်။+ ဒါပေမဲ့ ကိုယ်တော့်ကို ကျွန်တော်တို့ ပုန်ကန်ခဲ့တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ