-
၁ ဘုရင်များ ၂၂:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အစ္စရေးဘုရင်က ပရောဖက် ၄၀၀ လောက်ကို စုရုံးပြီး “ရာမုတ်ဂိလဒ်မြို့ကို တိုက်ရမလား၊ မတိုက်ရဘူးလား” လို့မေးတယ်။ သူတို့ကလည်း “သွားတိုက်ခိုက်ပါ။ ယေဟောဝါဘုရားက အဲဒီမြို့ကို မင်းကြီးလက်ထဲ အပ်လိမ့်မယ်” လို့ပြန်ဖြေကြတယ်။
-
-
၁ ဘုရင်များ ၂၂:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အစ္စရေးဘုရင်က “လူတစ်ယောက်တော့ ကျန်သေးတယ်။ အိမလရဲ့သား မိက္ခာယဆိုတဲ့ လူပေါ့။ သူကတစ်ဆင့် ယေဟောဝါဘုရားကို မေးမြန်းလို့ရတယ်။+ ဒါပေမဲ့ သူ့ကို ငါသိပ်မုန်းတယ်။+ အဲဒီလူက ငါနဲ့ပတ်သက်ပြီး ဘယ်တော့မှ အကောင်း မဟောတတ်ဘူး။ မကောင်းတာတွေကိုပဲ ဟောတတ်တယ်”+ လို့ပြောတဲ့အခါ ယောရှဖတ်က “မင်းကြီး ဒီလိုတော့ မပြောသင့်ပါဘူး” ဆိုပြီးပြောတယ်။
-