-
မာကု ၂:၃-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီအချိန်မှာ လေဖြတ်နေသူတစ်ယောက်ကို လူလေးယောက် ထမ်းခေါ်လာတယ်။+ ၄ လူတွေ ကြိတ်ကြိတ်တိုးနေလို့ ယေရှုဆီကို ဝင်သွားလို့မရဘူး။ ဒါနဲ့ ယေရှုရဲ့ အပေါ်တည့်တည့်ကနေ အိမ်မိုးကိုဖောက်ပြီး လေဖြတ်နေသူကို ထမ်းစင်နဲ့ လျှောချကြတယ်။ ၅ ယေရှုက သူတို့ရဲ့ယုံကြည်ခြင်းကို မြင်တဲ့အခါ+ လေဖြတ်နေသူကို “ငါ့သား၊ မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”+ လို့ပြောတယ်။ ၆ အဲဒီမှာထိုင်နေတဲ့ ကျမ်းတတ်တချို့က၊ ၇ “ဒီလူ ဘာလို့ အဲဒီလိုပြောတာလဲ။ ဒါဟာ ဘုရားကို စော်ကားပြောဆိုနေတာပဲ။ ဘုရားသခင်ကလွဲရင် ဘယ်သူ အပြစ်လွှတ်ပိုင်ခွင့် ရှိလို့လဲ”+ ဆိုပြီး တွေးနေကြတယ်။+ ၈ ယေရှုက သူတို့ဘာတွေးနေမှန်း ချက်ချင်းသိတဲ့အတွက် “ဘာလို့ ဒီလိုတွေးနေကြတာလဲ။+ ၉ လေဖြတ်နေသူကို ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပါ။ ထမ်းစင်ကိုသယ်ပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာက ပိုပြောလွယ်သလဲ။ ၁၀ လူသားဟာ+ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း+ ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို၊ ၁၁ “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့” လို့ပြောတယ်။ ၁၂ ချက်ချင်းပဲ အဲဒီလူက ထရပ်ပြီး ထမ်းစင်ကိုသယ်ရင်း ထွက်သွားတယ်။ လူတွေလည်း တအံ့တသြနဲ့ “ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဆိုပြီး ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။+
-
-
လုကာ ၅:၁၈-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ အဲဒီအချိန်မှာ လူတွေက လေဖြတ်နေသူကို ထမ်းစင်နဲ့ ထမ်းလာကြတယ်။ လူနာကို ယေရှုရှေ့အရောက်ပို့ဖို့ ကြိုးစားပေမဲ့၊+ ၁၉ လူတွေ ကြိတ်ကြိတ်တိုးနေလို့ ယေရှုဆီ မရောက်နိုင်ဘူး။ ဒါနဲ့ အိမ်မိုးပေါ်တက်၊ အုတ်ကြွပ်ကို ခွာပြီးမှ ယေရှုရှေ့တည့်တည့် ရောက်အောင် လူနာကို ထမ်းစင်နဲ့ လျှောချပေးတယ်။ ၂၀ သူတို့ရဲ့ ယုံကြည်ခြင်းကို မြင်တဲ့အခါ ယေရှုက “မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ” လို့ လေဖြတ်နေသူကို ပြောတယ်။+ ၂၁ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက “ဒီလူ ဘုရားသခင်ကို စော်ကားပြောနေလိုက်တာ။ ဘုရားသခင်ကလွဲရင် ဘယ်သူကများ အပြစ်လွှတ်ပိုင်ခွင့်ရှိလို့လဲ”+ ဆိုပြီး တွေးနေကြတယ်။ ၂၂ သူတို့ ဘာတွေးနေမှန်း သိတဲ့အတွက် ယေရှုက “ဘာတွေ တွေးနေကြတာလဲ။ ၂၃ ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာ ပိုပြောလွယ်သလဲ။ ၂၄ လူသားဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့”+ လို့ပြောတဲ့အခါ၊ ၂၅ သူက လူတွေရှေ့မှာပဲ ထရပ်ပြီး ထမ်းစင်ကို သယ်၊ ဘုရားဘုန်းတော်ကို ချီးမွမ်းရင်း အိမ်ပြန်သွားတယ်။ ၂၆ လူအားလုံးက အံ့အားသင့်ပြီး ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။ “ဒီနေ့တော့ အံ့ဖွယ်ရာတွေ ငါတို့မြင်ရပြီ” ဆိုပြီး အံ့သြတကြီး ပြောကြတယ်။
-