-
မာကု ၂:၁၈-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ယောဟန်ရဲ့ တပည့်တွေနဲ့ ဖာရိရှဲတွေက အစာရှောင်လေ့ရှိတယ်။ ဒါနဲ့ ယေရှုကို “ယောဟန်ရဲ့တပည့်တွေရော ဖာရိရှဲရဲ့တပည့်တွေပါ အစာရှောင်လေ့ရှိပေမဲ့ ဆရာ့တပည့်တွေကျတော့ ဘာလို့ အစာမရှောင်တာလဲ” ဆိုပြီး လာမေးကြတယ်။+ ၁၉ ယေရှုက “သတို့သားရဲ့ သူငယ်ချင်းတွေက သတို့သားနဲ့အတူ+ ရှိနေချိန်မှာ အစာရှောင်ကြလို့လား။ သတို့သားနဲ့အတူ ရှိနေချိန်တစ်လျှောက်လုံး အစာမရှောင်ကြဘူး။ ၂၀ ဒါပေမဲ့ သတို့သားကို သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။+ အဲဒီနေ့ကျမှ သူတို့ အစာရှောင်လိမ့်မယ်။
-
-
လုကာ ၅:၃၃-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ လူတချို့က “ယောဟန်ရဲ့တပည့်တွေရော ဖာရိရှဲတွေရဲ့တပည့်တွေပါ ခဏခဏ အစာရှောင်ပြီး ဆုတောင်းတတ်ကြတယ်။ ခင်ဗျားရဲ့တပည့်တွေကျတော့ စားသောက်နေကြပါလား” လို့ပြောတဲ့အခါ၊+ ၃၄ ယေရှုက “သတို့သားနဲ့အတူ ရှိနေချိန်မှာ သတို့သားရဲ့ သူငယ်ချင်းတွေကို အစာရှောင်ခိုင်းလို့ရသလား။ ၃၅ သတို့သားကို+ သူတို့ဆီကနေ ခေါ်သွားမယ့်နေ့ ရောက်လာလိမ့်မယ်။ အဲဒီနေ့ကျမှ သူတို့ အစာရှောင်လိမ့်မယ်”+ လို့ပြောတယ်။
-