-
မဿဲ ၂၃:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “သူတော်ကောင်း ယောင်ဆောင်တဲ့+ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ခင်ဗျားတို့က လူတစ်ယောက် ဘာသာပြောင်းဝင်လာအောင် ကုန်းတစ်တန်၊ ရေတစ်တန် သွားတတ်ကြတယ်။ ဘာသာပြောင်းဝင်လာတဲ့အခါ ကိုယ့်ထက် နှစ်ဆ ဂေဟင်နာ* ရောက်ထိုက်သူ ဖြစ်စေကြတယ်။
၁၆ “မျက်ကန်းလမ်းပြတို့၊+ အဖြစ်ဆိုး ကြုံရလိမ့်မယ်။ ‘ဗိမာန်တော်ကို တိုင်တည်ပြီး သစ္စာဆိုရင် အတည်မဖြစ်ဘူး။ ဗိမာန်တော်မှာရှိတဲ့ ရွှေကိုတိုင်တည်ပြီး သစ္စာဆိုရင်တော့ အတည်ဖြစ်တယ်’+ လို့ ခင်ဗျားတို့ ပြောတတ်ကြတယ်။
-