-
မာကု ၁၂:၁-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ အဲဒီနောက် ယေရှုက ပုံဥပမာတွေသုံးပြီး လူတွေကို ဟောပြောတယ်– “လူတစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး+ ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ဖို့ ကျင်းကိုတူးပြီး လင့်စင်ဆောက်တယ်။+ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။+ ၂ အသီးခူးချိန်ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက် လွှတ်ပြီး သူရမယ့်ဝေစုကို တောင်းခိုင်းတယ်။ ၃ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်ကို ဖမ်းဆီးရိုက်နှက်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်တယ်။ ၄ ကျွန်နောက်တစ်ယောက်ကို လွှတ်တဲ့အခါ ခြံလုပ်သားတွေက သူ့ခေါင်းကို ရိုက်ပြီး အရှက်ခွဲလိုက်တယ်။+ ၅ နောက်တစ်ယောက်ကို ထပ်လွှတ်တော့လည်း သတ်လိုက်ပြန်တယ်။ ဒါနဲ့ ကျွန်အများကြီးကို လွှတ်တဲ့အခါ တချို့ကို ရိုက်နှက်ပြီး တချို့ကို သတ်ပစ်တယ်။ ၆ ခြံပိုင်ရှင်မှာ ချစ်ရတဲ့သားတစ်ယောက် ရှိတယ်။+ နောက်ဆုံးမှာ ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့တွေးပြီး သားကို လွှတ်လိုက်တယ်။ ၇ ဒါပေမဲ့ ခြံလုပ်သားတွေက ‘ဒီခြံကို အမွေဆက်ခံမယ့် သူပဲ။+ သူ့ကို သတ်ပစ်ရအောင်။ ဒါဆိုရင် သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ၈ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ခြံပြင်ဆွဲထုတ်တယ်။+ ၉ ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ။ သူကိုယ်တိုင် စပျစ်ခြံကိုလာ၊ ခြံလုပ်သားတွေကို သတ်ပစ်ပြီးတဲ့နောက် တခြားလူတွေဆီ ခြံကို ငှားမှာပေါ့။+
-
-
လုကာ ၂၀:၉-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒီနောက် ယေရှုက လူတွေကို ပုံဥပမာတစ်ခု ပြောပြတယ်– “လူတစ်ယောက်က စပျစ်ခြံစိုက်ပျိုးပြီး+ ခြံလုပ်သားတွေကို သီးစားချတယ်။ အဲဒီနောက် တိုင်းတစ်ပါးကို အချိန်အတော်ကြာ ခရီးထွက်သွားတယ်။+ ၁၀ အသီးခူးချိန် ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက်လွှတ်ပြီး သီးစားခ တောင်းခိုင်းတယ်။ ဒါပေမဲ့ ခြံလုပ်သားတွေက အဲဒီကျွန်ကို ရိုက်နှက်ပြီး လက်ဗလာနဲ့ ပြန်လွှတ်လိုက်တယ်။+ ၁၁ နောက်ကျွန်တစ်ယောက်ကို ထပ်လွှတ်တော့လည်း အဲဒီလိုပဲ ရိုက်နှက်အရှက်ခွဲပြီး လက်ဗလာနဲ့ လွှတ်လိုက်ပြန်တယ်။ ၁၂ နောက်ကျွန်တစ်ယောက်ကို ထပ်လွှတ်တဲ့အခါ သူ့ကိုလည်း ရိုက်နှက်ပြီး ခြံပြင်ဆွဲထုတ်ကြတယ်။ ၁၃ အဲဒီအခါ စပျစ်ခြံပိုင်ရှင်က ‘ငါဘာလုပ်ရင် ကောင်းမလဲ။ ငါချစ်ရတဲ့သားကို+ လွှတ်ကြည့်မယ်။ ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့ပြောပြီး၊ ၁၄ သူ့သားကို လွှတ်လိုက်တယ်။ ခြံလုပ်သားတွေက သားကိုမြင်တော့ ‘ဒီခြံကို အမွေဆက်ခံမယ့်သူပဲ။ သူ့ကို သတ်ပစ်ရအောင်။ ဒါဆို သူ့အမွေကို ငါတို့ပိုင်ပြီ’ လို့ အချင်းချင်း တိုင်ပင်ကြတယ်။ ၁၅ အဲဒီနောက် သူ့ကို ခြံပြင်ဆွဲထုတ်ပြီး သတ်ပစ်လိုက်တယ်။+ ဒါဆိုရင် ခြံပိုင်ရှင်က အဲဒီလူတွေကို ဘာလုပ်မလဲ။ ၁၆ သူကိုယ်တိုင် စပျစ်ခြံကိုလာ၊ ခြံလုပ်သားတွေကို သတ်ပစ်ပြီးနောက် တခြားလူတွေဆီ ခြံကိုငှားမှာပေါ့။”
ဒါကို လူတွေကြားတဲ့အခါ “တော်တော်ဆိုးတဲ့ လုပ်ရပ်ပဲ” လို့ ပြောကြတယ်။
-