ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဒံယေလ ၉:၂၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ “သူက* သီတင်းပတ်တစ်ပတ်လုံး လူများစွာအတွက် ပဋိညာဉ်ကို အကျိုးသက်ရောက်စေမယ်။ အဲဒီတစ်သီတင်းရဲ့ တစ်ဝက်မှာ ပူဇော်သက္ကာတွေ၊ အလှူတွေကို ရပ်စဲစေမယ်။+

      “ဖျက်ဆီးမယ့်သူဟာ ရွံစရာကောင်းတဲ့အရာတွေရဲ့ တောင်ပံနဲ့အတူ ရောက်လာမယ်။+ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်က ပျက်စီးနေတဲ့အရာအပေါ် ကျရောက်လာပြီး နောက်ဆုံးမှာ အဲဒီနေရာဟာ လုံးဝ ပျက်သုဉ်းသွားရလိမ့်မယ်။”

  • ဒံယေလ ၁၁:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ စစ်တပ်တွေက* သူ့ဆီကနေ ပေါ်ထွက်လာပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့+ ခံတပ်ကို ညစ်ညူးစေမယ်။ ပုံမှန်ဆက်သနေကျ ပူဇော်သက္ကာကိုလည်း ဖယ်ရှားလိမ့်မယ်။+

      “သူတို့က ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထားလိမ့်မယ်။+

  • ဒံယေလ ၁၂:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ “ပုံမှန်ဆက်သနေကျ  ပူဇော်သက္ကာကို+ ဖယ်ရှားပြီး ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာကို နေရာချထားချိန်ကစလို့+ ရက်ပေါင်း ၁,၂၉၀ ကြာလိမ့်မယ်။

  • မာကု ၁၃:၁၄-၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ “ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာက+ မရှိသင့်တဲ့နေရာမှာ ရှိနေတာကို ခင်ဗျားတို့မြင်ရရင် (စာဖတ်သူ ပိုင်းခြားသိမြင်ပါစေ) ယုဒနယ်မှာနေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ။+ ၁၅ အိမ်မိုးပေါ်မှာရှိတဲ့သူက မဆင်းလာနဲ့တော့၊ ပစ္စည်းတွေယူဖို့ အိမ်ထဲ မဝင်နဲ့တော့။ ၁၆ လယ်ထဲရောက်နေတဲ့သူကလည်း အိမ်ပြန်ပြီး အဝတ်ကို ယူမနေနဲ့တော့။ ၁၇ အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။+ ၁၈ ခင်ဗျားတို့ ထွက်ပြေးရမယ့်အချိန်ဟာ ဆောင်းရာသီ မကျဖို့ ဆုတောင်းနေကြပါ။

  • လုကာ ၂၁:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ+ ဒီမြို့ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ