-
လုကာ ၂၁:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ “နေ၊ လ၊ ကြယ်တွေမှာ ထူးခြားတဲ့ လက္ခဏာတွေ ပေါ်လာလိမ့်မယ်။+ ကမ္ဘာမြေပေါ်က လူမျိုးအပေါင်းကလည်း စိတ်ဒုက္ခရောက်ပြီး ပင်လယ်လှိုင်းတံပိုး မြည်ဟည်းသံကြောင့် ကြံရာမရ ဖြစ်လိမ့်မယ်။ ၂၆ လူတွေဟာ ကမ္ဘာပေါ်မှာ ဖြစ်လာမယ့်အရာတွေကို မျှော်မြင်ပြီး ကြောက်လွန်းလို့ မေ့မြောသွားကြလိမ့်မယ်။ ကောင်းကင်တန်ခိုးတွေ တုန်လှုပ်လိမ့်မယ်။
-