-
မာကု ၁၄:၁၂-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ပသခါပူဇော်သက္ကာကို ဆက်သလေ့ရှိတဲ့+ တဆေးမဲ့မုန့်ပွဲ+ ပထမနေ့မှာ တပည့်တွေက “ပသခါညစာကို ဘယ်မှာ သွားပြင်ဆင်ရမလဲ” လို့မေးတဲ့အခါ၊+ ၁၃ ယေရှုက တပည့်နှစ်ယောက်ကို “မြို့ထဲ ဝင်သွားလိုက်။ ရေအိုးထမ်းလာတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိမ့်မယ်။ သူ့နောက်ကို လိုက်ပြီး၊+ ၁၄ သူဝင်တဲ့အိမ်ထဲ လိုက်ဝင်သွားပါ။ ပြီးတော့ ‘“တပည့်တွေနဲ့အတူ ပသခါ ညစာ စားမယ့်ဧည့်ခန်းက ဘယ်မှာလဲ” လို့ဆရာမေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။ ၁၅ အိမ်ရှင်က အပေါ်ထပ်မှာရှိတဲ့ ပြင်ဆင်ပြီးသား အခန်းကြီးတစ်ခုကို ပြလိမ့်မယ်။ အဲဒီအခန်းမှာ ညစာပြင်ဆင်ပါ” လို့မှာပြီး လွှတ်လိုက်တယ်။ ၁၆ တပည့်တွေလည်း ထွက်သွားပြီး မြို့ထဲဝင်တဲ့အခါ ယေရှုမှာတဲ့အတိုင်း တွေ့တော့ ပသခါပွဲအတွက် ပြင်ဆင်ကြတယ်။
-
-
လုကာ ၂၂:၇-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ပသခါပူဇော်သက္ကာကို ဆက်သလေ့ရှိတဲ့ တဆေးမဲ့မုန့်ပွဲတော်နေ့ ရောက်လာတယ်။+ ၈ ယေရှုက “ကျွန်တော်တို့စားဖို့ ပသခါညစာကို သွားပြင်ဆင်ကြပါ”+ ဆိုပြီး ပေတရုနဲ့ ယောဟန်ကို လွှတ်လိုက်တယ်။ ၉ “ဘယ်မှာ သွားပြင်ဆင်ရမလဲ” လို့ သူတို့မေးတော့၊ ၁၀ ယေရှုက “ခင်ဗျားတို့ မြို့ထဲဝင်တဲ့အခါ ရေအိုးထမ်းလာတဲ့ ယောက်ျားတစ်ယောက်ကို တွေ့လိမ့်မယ်။ သူ့နောက်ကိုလိုက်ပြီး သူဝင်တဲ့အိမ်ထဲ လိုက်ဝင်သွားပါ။+ ၁၁ ပြီးတော့ ‘“တပည့်တွေနဲ့အတူ ပသခါညစာ စားမယ့်ဧည့်ခန်းက ဘယ်မှာလဲ” လို့ ဆရာမေးတယ်’ ဆိုပြီး အိမ်ရှင်ကို ပြောပါ။ ၁၂ အိမ်ရှင်က အပေါ်ထပ်မှာရှိတဲ့ ပြင်ဆင်ပြီးသား အခန်းကြီးကို ပြလိမ့်မယ်။ အဲဒီအခန်းမှာ ညစာပြင်ဆင်ပါ” လို့မှာလိုက်တယ်။ ၁၃ တပည့်တွေလည်း ထွက်သွားပြီး ယေရှုမှာတဲ့အတိုင်း တွေ့တော့ ပသခါပွဲအတွက် ပြင်ဆင်ကြတယ်။
-