-
မာကု ၁၄:၃၂-၃၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ဂေသရှေမန်ဆိုတဲ့ နေရာကို ရောက်လာတဲ့အခါ ယေရှုက “ကျွန်တော် ဆုတောင်းနေတုန်း ဒီမှာ ထိုင်နေကြပါ”+ လို့ တပည့်တွေကို မှာခဲ့ပြီးနောက်၊ ၃၃ ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကို ခေါ်သွားတယ်။+ ယေရှုဟာ အကြီးအကျယ် စိတ်ဒုက္ခရောက်ပြီး သောကဖိစီးနေတယ်။ ၃၄ ဒါနဲ့ ယေရှုက “ကျွန်တော် ဝမ်းနည်းလွန်းလို့+ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ သတိနဲ့စောင့်နေကြပါ”+ လို့ပြောတယ်။ ၃၅ အဲဒီနောက် ရှေ့နားလေးကို သွားပြီး မြေပေါ်ပျပ်ဝပ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲဒီအချိန်ကို မကြုံပါရစေနဲ့လို့ ဆုတောင်းတယ်။ ၃၆ “အဗ္ဗ၊* အဖဟာ+ အရာအားလုံးကို လုပ်နိုင်ပါတယ်။ ဒီခွက်ကို* လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့် ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းပြီးနောက်၊+
-