-
မာကု ၁၄:၆၀-၆၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆၀ ဒါနဲ့ ပုရောဟိတ်မင်းက ထရပ်ပြီး “မင်း ဘာမှ ပြန်မပြောတော့ဘူးလား။ သူတို့ရဲ့ ထွက်ဆိုချက်ကို မင်း ဘာပြောမလဲ”+ လို့မေးပေမဲ့၊ ၆၁ ယေရှုက တစ်ခွန်းမှ ပြန်မဖြေဘဲ နှုတ်ဆိတ်နေတယ်။+ ပုရောဟိတ်မင်းက “မင်းဟာ ခရစ်တော် ဟုတ်သလား၊ အမြင့်မြတ်ဆုံးအရှင်ရဲ့သား ဟုတ်သလား” လို့မေးတော့မှ၊ ၆၂ ယေရှုက “ဟုတ်တယ်။ လူသားဟာ+ တန်ခိုးကြီးတဲ့အရှင်ရဲ့ ညာဘက်မှာ ထိုင်နေတာ၊+ မိုးတိမ်ခြံရံပြီး လာနေတာကို ခင်ဗျားတို့ မြင်ရလိမ့်မယ်”+ လို့ဖြေတယ်။ ၆၃ အဲဒီအခါ ပုရောဟိတ်မင်းက ကိုယ့်အဝတ်ကို ဆွဲဆုတ်ပြီး “ဘာသက်သေ လိုသေးလို့လဲ။+ ၆၄ ဘုရားကို သူစော်ကားပြောဆိုလိုက်တာ ခင်ဗျားတို့ ကြားတယ်နော်။ ခင်ဗျားတို့ ဘယ်လို ဆုံးဖြတ်မလဲ” လို့မေးတယ်။ သူတို့အားလုံးက ယေရှုကို သေဒဏ်ခံထိုက်တယ်လို့ စီရင်ချက်ချကြတယ်။+ ၆၅ အဲဒီနောက် တချို့က ယေရှုကို တံတွေးထွေးတယ်။+ မျက်နှာကိုဖုံး၊ လက်သီးနဲ့ထိုးပြီး “မင်းကို ဘယ်သူထိုးတာလဲ ဟောစမ်းပါဦး” လို့ ပြောကြတယ်။ ပါးကိုလည်း ရိုက်ကြတယ်။ အဲဒီနောက် အစောင့်တပ်သားတွေက ယေရှုကို ခေါ်သွားတယ်။+
-