-
ထွက်မြောက်ရာ ၂၆:၃၁-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ “အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ကန့်လန့်ကာ+ ရက်လုပ်ရမယ်။ ကန့်လန့်ကာမှာ ခေရုဗိမ်ပုံတွေပေါ်အောင် ပန်းထိုးရမယ်။ ၃၂ ရွှေချထားတဲ့ ရှားတိုင် လေးတိုင်ပေါ်မှာ ကန့်လန့်ကာကို ချိတ်ဆွဲရမယ်။ ကန့်လန့်ကာချိတ်တွေကို ရွှေနဲ့လုပ်ရမယ်။ တိုင်လေးတိုင်ကို ငွေအောက်ခံခုံလေးခုပေါ်မှာ ထောင်ရမယ်။ ၃၃ ကန့်လန့်ကာကို ချိတ်တွေနဲ့ ချိတ်ရမယ်။ သက်သေခံချက်သေတ္တာကို ကန့်လန့်ကာအတွင်းဘက်မှာ ထားရမယ်။+ သန့်ရှင်းရာအခန်းနဲ့+ အသန့်ရှင်းဆုံးအခန်းကို+ ကန့်လန့်ကာနဲ့ ကာထားရမယ်။
-