-
မဿဲ ၈:၃၀-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ သူတို့နဲ့ မနီးမဝေးမှာ ဝက်အုပ်ကြီးတစ်အုပ် ကျက်စားနေတယ်။+ ၃၁ နတ်ဆိုးတွေက “ကျုပ်တို့ကို နှင်ထုတ်မယ်ဆိုရင် အဲဒီဝက်အုပ်ထဲသာ နှင်ထုတ်လိုက်ပါ” ဆိုပြီး တောင်းပန်တယ်။+ ၃၂ ဒါနဲ့ ယေရှုက “ထွက်သွားကြ” လို့ အမိန့်ပေးတဲ့အခါ နတ်ဆိုးတွေ ထွက်သွားပြီး ဝက်အုပ်ထဲ ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုး ကျပြီး ရေနစ်သေကုန်တယ်။ ၃၃ ဝက်ကျောင်းသူတွေလည်း မြို့ထဲ ပြေးဝင်ပြီး နတ်ဆိုးစွဲသူတွေအကြောင်း ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။
-
-
လုကာ ၈:၃၂-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ ဝက်အုပ်ကြီးတစ်အုပ်+ တောင်စောင်းမှာ ကျက်စားနေတော့ နတ်ဆိုးတွေက အဲဒီဝက်အုပ်ထဲ ဝင်ခွင့်ပေးပါလို့ တောင်းပန်တယ်။ ယေရှု ခွင့်ပြုလိုက်တဲ့အခါ၊+ ၃၃ နတ်ဆိုးတွေက အဲဒီလူထဲကထွက်ပြီး ဝက်အုပ်ထဲ ဝင်ပူးတဲ့အတွက် ဝက်တစ်အုပ်လုံး ကမ်းပါးပေါ်ကနေ တစ်ဟုန်ထိုးကျပြီး ရေနစ်ကုန်တယ်။ ၃၄ ဝက်ကျောင်းတဲ့လူတွေက ဒါကိုမြင်တဲ့အခါ မြို့ရွာတွေဆီ ပြေးသွားပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကြတယ်။
-