ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • လုကာ ၄:၃၁-၃၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ အဲဒီနောက် ယေရှုက ဂါလိလဲပြည်၊ ကပေရနောင်မြို့ကို ဆင်းသွားပြီး ဥပုသ်နေ့မှာ သွန်သင်တယ်။+ ၃၂ အခွင့်အာဏာရှိရှိ ဟောပြောတဲ့အတွက် လူတွေက သူ့ရဲ့သွန်သင်ပုံကို အံ့သြကြတယ်။+ ၃၃ အဲဒီတရားဇရပ်မှာ နတ်ဆိုးပူးနေသူတစ်ယောက် ရှိတယ်။ သူက အသံကျယ်ကျယ်နဲ့၊+ ၃၄ “နာဇရက်မြို့သား+ ယေရှု၊ ခင်ဗျားက ကျုပ်တို့နဲ့ ဘာဆိုင်လို့တုံး။ ကျုပ်တို့ကို ဖျက်ဆီးဖို့ လာတာလား။ ခင်ဗျားဟာ ဘုရားသခင်ဆီကလာတဲ့ သန့်ရှင်းသူပဲဆိုတာ ကျုပ်သိတာပေါ့” လို့အော်ပြောတယ်။+ ၃၅ ယေရှုက “တိတ်စမ်း၊ သူ့အထဲကနေ ထွက်သွား” ဆိုပြီး ဆုံးမလိုက်တဲ့အခါ နတ်ဆိုးက အဲဒီလူကို လူအများရှေ့မှာ လှဲချပစ်ပြီး ဘေးအန္တရာယ်မပြုဘဲ ထွက်သွားတယ်။ ၃၆ အဲဒီအခါ လူတွေ အံ့သြပြီး “သူ့စကားတွေဟာ အစွမ်းထက်လှချေလား။ တန်ခိုးအာဏာနဲ့ အမိန့်ပေးလိုက်တာ နတ်ဆိုးတွေ ထွက်ရတော့တာပဲ” လို့ အချင်းချင်း ပြောကြတယ်။ ၃၇ ဒါကြောင့် ယေရှုရဲ့သတင်းဟာ ပတ်ဝန်းကျင်အရပ်ရပ် ပျံ့နှံ့သွားတော့တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ