ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၂:၂၄-၃၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ ဒါကို ဖာရိရှဲတွေ ကြားတော့ “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ* အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ ပြောကြတယ်။+ ၂၅ သူတို့ ဘာတွေးနေမှန်း သိလို့ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ ဘယ်မြို့မဆို၊ ဘယ်မိသားစုမဆို စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ ၂၆ အဲဒီလိုပဲ စာတန်က စာတန်ကို နှင်ထုတ်တယ်ဆိုရင် ဒါဟာ စိတ်ဝမ်းကွဲနေလို့ပေါ့။ အဲဒီလို ဖြစ်နေရင် သူ့နိုင်ငံ ဘယ်လိုလုပ် တည်မြဲမှာလဲ။ ၂၇ ကျွန်တော်က ဗေလဇေဗုလအကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ။ ဒီတော့ ခင်ဗျားတို့ မှားနေမှန်း ခင်ဗျားတို့ရဲ့ တပည့်တွေ ထောက်ပြနေတာပဲ။ ၂၈ ဘုရားသခင့် စွမ်းအားတော် အကူအညီနဲ့ နတ်ဆိုးတွေကို ကျွန်တော် နှင်ထုတ်တာဆိုရင်တော့ ခင်ဗျားတို့ ဘုရားသခင့်နိုင်ငံတော်နဲ့ လွဲသွားပြီ။+ ၂၉ ခွန်အားကြီးသူကို အရင် မချည်နှောင်ဘဲ သူ့အိမ်ထဲ ဝင်ပြီး ပစ္စည်းဥစ္စာတွေ လုယူလို့ ရမလား။ သူ့ကို အရင် ချည်နှောင်ပြီးမှပဲ လုယူလို့ ရမှာပေါ့။ ၃၀ ကျွန်တော့်ဘက်မှာ မရပ်တည်သူဟာ ကျွန်တော့်ရန်သူပဲ။ ကျွန်တော်နဲ့အတူ မစုသိမ်းသူဟာလည်း ကွဲလွင့်စေသူပဲ။+

  • မာကု ၃:၂၂-၂၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ဂျေရုဆလင်မြို့ကနေ ဆင်းလာတဲ့ ကျမ်းတတ်တွေကလည်း “သူ့ကို ဗေလဇေဗုလ* ဝင်ပူးနေတာ။ နတ်ဆိုးမင်းရဲ့ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ပြောကြတယ်။+ ၂၃ ဒါကြောင့် ယေရှုက သူတို့ကို ခေါ်ပြီး ပုံဥပမာတွေနဲ့ ပြောတယ်– “စာတန်က ဘယ်လိုလုပ်ပြီး စာတန်ကို နှင်ထုတ်နိုင်မလဲ။ ၂၄ နိုင်ငံတစ်ခုမှာ လူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ တည်မြဲနိုင်မှာ မဟုတ်ဘူး။+ ၂၅ မိသားစုတစ်ခုဟာ စိတ်ဝမ်းကွဲနေရင် အဲဒီမိသားစု တည်မြဲနိုင်မှာ မဟုတ်ဘူး။ ၂၆ အဲဒီလိုပဲ၊ စာတန်က စာတန်ကို ဆန့်ကျင်ပြီး စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ သူဇာတ်သိမ်းသွားမှာပဲ။ ၂၇ ခွန်အားကြီးသူကို အရင်မချည်နှောင်ဘဲ သူ့အိမ်ထဲဝင်ပြီး ပစ္စည်းဥစ္စာတွေ ခိုးလို့မရနိုင်ဘူး။ သူ့ကိုချည်နှောင်ပြီးမှပဲ အိမ်ထဲ ဝင်လုလို့ရမှာပေါ့။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ