၅၇ ဖမ်းဆီးတဲ့သူတွေက ယေရှုကို ပုရောဟိတ်မင်း ကယာဖဆီ+ ခေါ်သွားတယ်။ အဲဒီမှာ ကျမ်းတတ်တွေ၊ အကြီးအကဲတွေ ရှိနေတယ်။+ ၅၈ ပေတရုက ယေရှုနောက် ခပ်လှမ်းလှမ်းကနေ ပုရောဟိတ်မင်းရဲ့ ခြံဝင်းအထိ လိုက်လာတယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိနိုင်ဖို့ ခြံဝင်းထဲမှာ အိမ်စေတွေနဲ့အတူ ထိုင်ပြီးစောင့်ကြည့်နေတယ်။+