-
မဿဲ ၂၇:၅၇-၆၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၇ ယေရှုတပည့် ဖြစ်လာသူ ယောသပ်လို့ ခေါ်တဲ့ အရိမသဲမြို့သား သူဌေးတစ်ယောက်က ညနေစောင်းတဲ့အခါ၊+ ၅၈ ပိလတ်မင်းဆီ ဝင်ပြီး ယေရှုအလောင်းကို တောင်းတယ်။+ ပိလတ်မင်း ခွင့်ပြုတဲ့အတွက်၊+ ၅၉ ယောသပ်က အလောင်းကို သယ်သွားပြီး သန့်ရှင်းတဲ့ ပိတ်ချောနဲ့ ပတ်ရစ်တယ်။+ ၆၀ အဲဒီနောက် ကျောက်ဆောင်မှာ ထွင်းထားတဲ့ သူ့ရဲ့ သင်္ချိုင်းဂူအသစ်ထဲ ထည့်ပြီးတော့+ ကျောက်တုံးကြီးကို လှိမ့်၊ ဂူဝကို ပိတ်ပြီး ထွက်သွားတယ်။
-
-
မာကု ၁၅:၄၃-၄၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၃ အရိမသဲမြို့သား ယောသပ်က ပိလတ်မင်းကို အရဲစွန့် ဝင်တွေ့ပြီး ယေရှုအလောင်းကို တောင်းတယ်။+ ယောသပ်ဟာ ဂုဏ်အသရေရှိသူ ကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ဘုရားသခင့် နိုင်ငံတော်ကို စောင့်မျှော်နေသူပဲ။ ၄၄ ပိလတ်မင်းက ယေရှုသေမသေ သိချင်တဲ့အတွက် တပ်မှူးကို ဆင့်ခေါ်ပြီး မေးကြည့်တယ်။ ၄၅ ယေရှု သေပြီဆိုတာကို တပ်မှူးဆီက သိရတော့ ယောသပ်ကို အလောင်းယူခွင့် ပေးလိုက်တယ်။ ၄၆ ယောသပ်က ယေရှုရဲ့အလောင်းကို သစ်တိုင်ပေါ်ကချ၊ ဝယ်လာတဲ့ပိတ်ချောနဲ့ ပတ်ရစ်ပြီး ကျောက်ဆောင်ထဲထွင်းထားတဲ့ သင်္ချိုင်းဂူထဲ ထည့်တယ်။+ အဲဒီနောက် ကျောက်တုံးကို လှိမ့်ပြီး ဂူဝကို ပိတ်လိုက်တယ်။+
-