ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၁၂:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ နာမတော်တည်စေဖို့၊ ကိုယ်တိုင်စံမြန်းဖို့ အစ္စရေးနယ်မြေတွေထဲမှာ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို တွေ့အောင်သာ ရှာပြီး သွားကြပါ။+ ၆ မီးရှို့ရာအလှူတွေ၊+ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေ၊ စေတနာအလျောက်ပေးတဲ့ အလှူတွေ၊+ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေကို+ အဲဒီနေရာဆီ ယူသွားကြပါ။

  • ၁ ဘုရင်များ ၉:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ပြီးတော့ ယေဟောဝါက “မင်းဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို ငါကြားပြီ။ မင်းတည်ဆောက်တဲ့ အိမ်တော်ကို ငါသန့်ရှင်းမြင့်မြတ်စေပြီး အဲဒီမှာ ငါ့နာမည်ကို ထာဝစဉ်တည်စေပြီ။+ ဒါကြောင့် ဒီအိမ်တော်ကို  ငါ  အမြဲကြည့်ရှုစောင့်ရှောက်မယ်။+

  • ၂ ရာဇဝင်ချုပ် ၇:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ အဲဒီည ရှောလမုန်ရဲ့ အိပ်မက်ထဲမှာ ယေဟောဝါ ရောက်လာပြီး+ ပြောတယ်– “မင်းဆုတောင်းတာကို ငါကြားတယ်။ ပူဇော်သက္ကာဆက်သရာ  အိမ်တော်အဖြစ် ဒီနေရာကို   ငါ ရွေးချယ်လိုက်ပြီ။+

  • ဆာလံ ၁၂၂:ထိပ်စီးစာသား-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ချီတက်သီချင်း။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။

      ၁၂၂ “ယေဟောဝါရဲ့ အိမ်တော်ကို သွားကြစို့” လို့

      ပြောကြတဲ့အခါ ငါပျော်လိုက်တာ။+

      ၂ အို ဂျေရုဆလင်၊

      အခု မင်းရဲ့မြို့တံခါးတွေထဲ ငါတို့ ရောက်နေပြီ။+

      ၃ ဂျေရုဆလင်ဟာ တစ်စုတစ်စည်းတည်း ဖြစ်အောင်

      တည်ဆောက်ထားတဲ့မြို့ပဲ။+

      ၄ အစ္စရေးတွေကို ပေးထားတဲ့ သတိပေးချက်အတိုင်း

      ယေဟောဝါရဲ့ မျိုးနွယ်တွေက

      ယေဟောဝါရဲ့နာမည်ကို ကျေးဇူးတင်ချီးမွမ်းဖို့

      မြို့ကို တက်သွားကြတယ်။+

      ၅ အဲဒီမှာ ဒါဝိဒ်အမျိုးရဲ့ ရာဇပလ္လင်တွေ၊+

      တရားစီရင်ရာပလ္လင်တွေ တည်ရှိတယ်။+

      ၆ ဂျေရုဆလင် ငြိမ်းချမ်းဖို့ ဆုတောင်းကြပါ။+

      အို မြို့တော်၊ မင်းကို ချစ်မြတ်နိုးသူတွေ ဘေးကင်းလုံခြုံလိမ့်မယ်။

      ၇ မင်းရဲ့ ခံစစ်ကုန်းရိုးတွေမှာ ငြိမ်သက်ခြင်း အမြဲရှိနေပါစေ။

      ခံတပ်မျှော်စင်တွေမှာ ဘေးကင်းလုံခြုံမှု အမြဲရှိနေပါစေ။

      ၈ “မင်းဆီမှာ ငြိမ်သက်ခြင်း ရှိပါစေ” လို့

      ညီအစ်ကိုတွေ၊ အပေါင်းအသင်းတွေရဲ့ အကျိုးအတွက် ငါပြောမယ်။

      ၉ ငါတို့ရဲ့ဘုရား ယေဟောဝါရဲ့ အိမ်တော်ကို ထောက်ထားပြီး+

      မင်းရဲ့ကောင်းကျိုးအတွက် ငါ ဆုတောင်းပေးနေမယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ