ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယောဟန် ၂:၁-၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ သုံးရက်မြောက်နေ့မှာ  ဂါလိလဲပြည်၊ ကာနမြို့မှာ မင်္ဂလာပွဲရှိတယ်။ ယေရှုရဲ့မိခင်လည်း အဲဒီကို ရောက်နေတယ်။ ၂ ယေရှုနဲ့ တပည့်တွေကိုပါ မင်္ဂလာပွဲတက်ဖို့ ဖိတ်ထားတယ်။

      ၃ စပျစ်ဝိုင် ကုန်ခါနီးမှာ ယေရှုရဲ့မိခင်က “သူတို့မှာ ဝိုင်မရှိတော့ဘူး” လို့ ပြောတဲ့အခါ၊ ၄ ယေရှုက “ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။* ကျွန်တော့်အချိန် မရောက်သေးဘူး” လို့ပြောတယ်။ ၅ ဒါနဲ့ ယေရှုရဲ့မိခင်က “သူပြောတဲ့အတိုင်း လုပ်ကြ” ဆိုပြီး ဧည့်ခံတဲ့သူတွေကို ပြောတယ်။ ၆ အဲဒီမှာ ဂျူးတွေရဲ့ သန့်စင်ခြင်းထုံးစံအရ ကျောက်ရေအိုး ၆ လုံး ထားပေးထားတယ်။+ ရေအိုးတစ်လုံးမှာ ရေ ၂ ပုံး၊ ၃ ပုံး* လောက် ဆံ့တယ်။ ၇ ယေရှုက “ဒီအိုးတွေထဲ ရေဖြည့်ပါ” လို့ပြောတော့ အိုးနှုတ်ခမ်းဝအထိ  ရေဖြည့်ကြတယ်။ ၈ အဲဒီနောက် “နည်းနည်း ခပ်ပြီး ပွဲအုပ်ဆီ ယူသွားလိုက်” လို့ပြောတော့ အဲဒီအတိုင်း လုပ်ကြတယ်။ ၉ ပွဲအုပ်က စပျစ်ဝိုင်ဖြစ်သွားတဲ့ ရေကို မြည်းကြည့်တယ်။ (ဧည့်ခံတဲ့သူတွေက ဒီစပျစ်ဝိုင် ဘယ်လိုဖြစ်လာမှန်း သိပေမဲ့ ပွဲအုပ်ကတော့ မသိဘူး။) အဲဒီနောက် သတို့သားကို ခေါ်ပြီး၊ ၁၀ “လူတွေက စပျစ်ဝိုင် အကောင်းစားကို အရင်ဆုံး တည်ခင်းပြီး ဧည့်သည်တွေ မူးတော့မှ အညံ့ကို တည်ခင်းတတ်ကြတယ်။ ခင်ဗျားကတော့ ဝိုင်အကောင်းစားကို အခုထိ ချန်ထားတာပဲ” လို့ပြောတယ်။ ၁၁ ယေရှုက ဂါလိလဲပြည်၊ ကာနမြို့မှာ ဒီအံ့ဖွယ်အမှုကို ဦးဆုံးလုပ်ပြီး သူ့တန်ခိုးကို ပြခဲ့တယ်။+ တပည့်တွေလည်း ယေရှုကို ယုံကြည်လာကြတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ