-
မဿဲ ၁၄:၁၉-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ လူအုပ်ကို မြက်ခင်းပေါ် ထိုင်ခိုင်းတယ်။ ပြီးတော့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို ယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။*+ မုန့်ကို ဖဲ့ပြီးနောက် တပည့်တွေကို ဝေပေးတယ်။ တပည့်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။ ၂၀ လူတွေ အဝစားပြီးတဲ့နောက် စားကြွင်းစားကျန်တွေကို လိုက်ကောက်တဲ့အခါ ၁၂ တောင်းအပြည့် ရတယ်။+ ၂၁ စားတဲ့သူတွေက ယောက်ျား ၅,၀၀၀ လောက် ရှိတယ်။ အမျိုးသမီးတွေ၊ ကလေးတွေလည်း ရှိသေးတယ်။+
-
-
မာကု ၆:၃၉-၄၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ဒါနဲ့ ယေရှုက လူတွေကို မြက်ခင်းပေါ် အစုလိုက် ထိုင်ခိုင်းတဲ့အခါ၊+ ၄၀ လူ ၁၀၀ စီ၊ ၅၀ စီ အစုလိုက် ထိုင်ကြတယ်။ ၄၁ ယေရှုက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။*+ အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ငါးနှစ်ကောင်ကိုလည်း ဖဲ့ပြီး အားလုံးကို ဝေပေးတယ်။ ၄၂ လူတွေ အဝစားပြီးတဲ့နောက်၊ ၄၃ စားကြွင်းစားကျန်ကို လိုက်ကောက်တဲ့အခါ မုန့်ချည်းပဲ ၁၂ တောင်းအပြည့် ရတယ်။ ငါးတွေလည်း ကျန်သေးတယ်။+ ၄၄ စားတဲ့သူတွေဟာ ယောက်ျား ၅,၀၀၀ ရှိတယ်။
-
-
လုကာ ၉:၁၄-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အဲဒီမှာ ယောက်ျား ၅,၀၀၀ လောက်ရှိတယ်။ ယေရှုက “လူတွေကို အယောက် ၅၀ စီ၊ အစုလိုက် ထိုင်ခိုင်းလိုက်ပါ” လို့ပြောတော့၊ ၁၅ တပည့်တွေလည်း ယေရှုပြောတဲ့အတိုင်း လူတွေကို ထိုင်ခိုင်းတယ်။ ၁၆ ယေရှုက မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကိုယူ၊ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းတယ်။* အဲဒီနောက် မုန့်ကိုဖဲ့ပြီး တပည့်တွေကို ပေးတယ်။ တပည့်တွေက လူတွေကို ပြန်ဝေပေးတယ်။ ၁၇ အားလုံး ဝဝလင်လင် စားပြီးတဲ့နောက် စားကြွင်းစားကျန်တွေ လိုက်ကောက်တဲ့အခါ ၁၂ တောင်း ရတယ်။+
-