-
မာကု ၆:၄၇-၅၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၇ ညနေစောင်းတဲ့အချိန်မှာ လှေက အိုင်အလယ်ကို ရောက်နေပြီ။ ယေရှုကတော့ ကုန်းပေါ်မှာ တစ်ယောက်တည်း ရှိနေတယ်။+ ၄၈ မိုးသောက်ယံ* အချိန်မှာ လှိုင်းလေထန်တဲ့အတွက် တပည့်တွေ လှေကို မနည်းလှော်ခတ်နေတာကို ယေရှုမြင်တဲ့အခါ ရေပေါ် လမ်းလျှောက်လာပြီး သူတို့နားကနေ ဖြတ်သွားမလိုလုပ်တယ်။ ၄၉ ယေရှု ရေပေါ် လမ်းလျှောက်လာတာကို မြင်တဲ့အခါ တပည့်တွေက “ဟိုမှာ၊ ဟိုမှာ ဘာကြီးပါလိမ့်” ဆိုပြီး အော်ကြတယ်။ ၅၀ ယေရှုကို မြင်တဲ့အခါ ကြောက်လန့်သွားတယ်။ ချက်ချင်းပဲ ယေရှုက “မကြောက်ပါနဲ့။ ကျွန်တော်ပါ” လို့ပြောပြီး၊+ ၅၁ လှေပေါ်တက်တဲ့အခါ လေငြိမ်သွားတယ်။ တပည့်တွေ အံ့အားသင့်သွားတယ်။
-