၂၈ ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်။ ဘုရားသခင်က အရာအားလုံး အသစ် ဖြစ်အောင် လုပ်တဲ့အချိန်မှာ လူသားဟာ ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်နောက် လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+