-
ကမ္ဘာဦး ၁၂:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယေဟောဝါက အာဗြံကို “နေရင်းပြည်၊ ဆွေမျိုးသားချင်းတွေနဲ့ ဖခင်ရဲ့အိမ်ကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ။+ ၂ မင်းကို လူမျိုးကြီးဖြစ်စေပြီး ကောင်းချီးပေးမယ်။ မင်းရဲ့နာမည်ကို ကြီးမြတ်စေမယ်။ မင်းကြောင့် တခြားသူတွေ ကောင်းချီးရလိမ့်မယ်။+ ၃ မင်းကို ကောင်းချီးပေးသူတွေကို ငါကောင်းချီးပေးမယ်။ မင်းကို ကျိန်ဆဲသူတွေကို ငါကျိန်ဆဲမယ်။+ ကမ္ဘာပေါ်က လူမျိုးအားလုံး မင်းကြောင့် ကောင်းချီးခံစားရမယ်”+ လို့ပြောတယ်။
-
-
ကမ္ဘာဦး ၂၂:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ မင်းကို ငါဆက်ဆက် ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို၊ ပင်လယ်သဲပွင့်တွေလို တိုးပွားများပြားစေမယ်။+ မင်းရဲ့မျိုးနွယ်က ရန်သူတွေရဲ့ မြို့တံခါးကို သိမ်းပိုက်လိမ့်မယ်။+ ၁၈ ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့်+ ကောင်းချီးရလိမ့်မယ်။’”+
-