၁၁ အစ္စရေးတွေကိုပေးတဲ့ ပညတ်တရားထဲမှာ လေဝိအမျိုးသားတွေရဲ့ ပုရောဟိတ်တာဝန်လည်း ပါတယ်။ အဲဒီပုရောဟိတ်တာဝန်အားဖြင့် ပြည့်ဝစုံလင်တဲ့အဖြစ်ကို ရနိုင်မယ်ဆိုရင်+ အာရုန်လို ပုရောဟိတ်မျိုးမဟုတ်ဘဲ မေလခိဇေဒက်လို ပုရောဟိတ်မျိုး+ နောက်တစ်ယောက် ပေါ်ထွန်းဖို့ လိုသေးလို့လား။