၆ နေ့ထူးနေ့မြတ်ကို စောင့်ထိန်းတဲ့သူက ယေဟောဝါကို ထောက်ပြီး စောင့်ထိန်းတယ်။ ဘာမဆိုစားတဲ့သူကလည်း ယေဟောဝါကို ထောက်ပြီး စားတယ်။ စားတဲ့သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းသလို+ မစားတဲ့သူကလည်း ယေဟောဝါကို ထောက်ပြီး မစားတာဆိုပေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းတာပဲ။+