-
ထွက်မြောက်ရာ ၁၂:၂၁-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ မောရှေလည်း အစ္စရေးအကြီးအကဲတွေကို ချက်ချင်းခေါ်ပြီး+ “ခင်ဗျားတို့ရဲ့ မိသားစုတစ်စုစီအတွက် သိုးကလေး၊ ဆိတ်ကလေးတွေကို ရွေးလိုက်ပါ။ အဲဒီပသခါပူဇော်သက္ကာကို သတ်ရမယ်။ ၂၂ ဟုဿုပ်ခက်* တစ်စည်းကို ဇလုံထဲက သွေးမှာနှစ်ပြီး တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်မှာ သုတ်ပါ။ မိုးမလင်းမချင်း ဘယ်သူမှ အိမ်ပြင်မထွက်ရဘူး။ ၂၃ အီဂျစ်ပြည်ကို ဒဏ်ခတ်ဖို့ ယေဟောဝါဖြတ်သွားတဲ့အခါ တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်က သွေးကိုမြင်ပြီး အဲဒီတံခါးကို ယေဟောဝါ ကျော်သွားမယ်။ ခင်ဗျားတို့အိမ်ထဲကို သေဘေးဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။+
-