-
ဟီဘရူး ၁၀:၁၉-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ဒါကြောင့် ညီအစ်ကိုတို့၊ ယေရှုရဲ့သွေးကြောင့် ကျွန်တော်တို့ဟာအသန့်ရှင်းဆုံးအခန်းကို သွားမယ့်လမ်းထဲ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဝင်နိုင်ကြပြီ။+ ၂၀ ကန့်လန့်ကာကို ဖြတ်ပြီးသွားရမယ့် အသက်ရှင်ခြင်းဆီ ပို့ဆောင်တဲ့ လမ်းသစ်ကို ကျွန်တော်တို့အတွက် ယေရှု ဖွင့်ပေးခဲ့တယ်။+ အဲဒီကန့်လန့်ကာကတော့ သူ့ရဲ့ကိုယ်ခန္ဓာပဲ။ ၂၁ ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရဲ့ အိမ်တော်ကို အုပ်ချုပ်တဲ့ မဟာပုရောဟိတ် ရှိနေတယ်။+ ၂၂ ဒါကြောင့် စိတ်ရင်းမှန်နဲ့၊ ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို ဝတ်ပြုကြစို့။ ဆိုးညစ်တဲ့ အမှားအမှန်သိစိတ် မရှိအောင် ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို သန့်စင်ထားပြီး*+ ကိုယ်ခန္ဓာကိုလည်း သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောထားပြီးပြီပဲ။+
-