-
တရားဟောရာ ၂၄:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “ကိုယ့်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ် မလုပ်ရဘူး။+ ၁၅ သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရလို့ လုပ်အားခကို နေမဝင်ခင် နေ့ချင်းပေးရမယ်။+ မပေးရင် ယေဟောဝါဆီမှာ သူအော်ဟစ်တိုင်ကြားလိမ့်မယ်။ အဲဒီအခါ ကိုယ့်အပြစ် ဖြစ်သွားလိမ့်မယ်။+
-
-
မာလခိ ၃:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “မင်းတို့ကို တရားစီရင်ဖို့ ငါရောက်လာမယ်။ ပယောဂဆရာတွေ၊+ အိမ်ထောင်ရေးဖောက်ပြန်သူတွေ၊ မဟုတ်မမှန် ကျိန်ဆိုသူတွေ၊+ တိုင်းတစ်ပါးသားကို မကူညီချင်သူတွေ၊+ အငှားလုပ်သားကိုရော မုဆိုးမနဲ့ မိဘမဲ့ကိုပါမကျန်+ ဖြတ်စားလျှပ်စားလုပ်သူတွေကို+ ဆန့်ကျင်တဲ့ဘက်ကနေ ငါ အမြန်ဆုံး သက်သေထွက်ဆိုမယ်။ ငါ့ကို သူတို့ မကြောက်ကြဘူး” လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
-