ဟေရှာယ ၅၃:၅ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၅ ငါတို့ရဲ့ အပြစ်အတွက်+ သူထိုးဖောက်ခံခဲ့ရတယ်။+ ငါတို့ရဲ့ အမှားအတွက် နင်းခြေခံခဲ့ရတယ်။+ ငါတို့သင့်မြတ်ငြိမ်းချမ်းဖို့ သူပြစ်ဒဏ်ခံခဲ့ရတယ်။+ သူ့ဒဏ်ရာတွေကြောင့် ငါတို့ အနာရောဂါ ပျောက်ကင်းသွားတယ်။+ ရောမ ၃:၂၅ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၂၅ ဘုရားသခင်က ခရစ်တော်ရဲ့ သွေးကို+ ယုံကြည်သူတွေအတွက် ပြန်လည်သင့်မြတ်ရာ*+ ပူဇော်သက္ကာအဖြစ် ခရစ်တော်ကို ပေးဆပ်ခဲ့တယ်။ အတိတ်တုန်းက လူတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်။ ဒီနည်းနဲ့ မိမိရဲ့ ဖြောင့်မတ်မှုကို ဖော်ပြခဲ့တယ်။ ၁ တိမောသေ ၁:၁၅ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၅ အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်ဆိုတဲ့+ စကားဟာ မှန်ကန်တယ်၊ အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ။+ ဟီဘရူး ၂:၁၇ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၇ ဘုရားသခင်ရဲ့အလုပ်ကို သနားကြင်နာစိတ်နဲ့ သစ္စာရှိရှိ လုပ်ဆောင်တဲ့ ပုရောဟိတ်မင်း ဖြစ်နိုင်ဖို့ ယေရှုဟာ မိမိရဲ့ “ညီအစ်ကိုတွေ” နဲ့ အရာရာမှာ မဖြစ်မနေ တူခဲ့ရတယ်။+ ဒါမှ လူတွေရဲ့အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို+ ပူဇော်နိုင်မှာကိုး။+ ၁ ပေတရု ၂:၂၄ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၂၄ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သူ့ခန္ဓာကိုယ်မှာ သယ်ဆောင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံခဲ့တယ်။+ ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်နဲ့ မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ရာကို လုပ်ဆောင်ဖို့ အသက်ရှင်နေကြပြီ။ ဒါ့အပြင် “သူ့ဒဏ်ရာတွေကြောင့် ခင်ဗျားတို့ အနာရောဂါ ပျောက်ကင်းသွားပြီ။”+ ၁ ယောဟန် ၄:၁၀ သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၁၀ ကျွန်တော်တို့ရဲ့ အပြစ်အတွက်+ အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်+ သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။
၅ ငါတို့ရဲ့ အပြစ်အတွက်+ သူထိုးဖောက်ခံခဲ့ရတယ်။+ ငါတို့ရဲ့ အမှားအတွက် နင်းခြေခံခဲ့ရတယ်။+ ငါတို့သင့်မြတ်ငြိမ်းချမ်းဖို့ သူပြစ်ဒဏ်ခံခဲ့ရတယ်။+ သူ့ဒဏ်ရာတွေကြောင့် ငါတို့ အနာရောဂါ ပျောက်ကင်းသွားတယ်။+
၂၅ ဘုရားသခင်က ခရစ်တော်ရဲ့ သွေးကို+ ယုံကြည်သူတွေအတွက် ပြန်လည်သင့်မြတ်ရာ*+ ပူဇော်သက္ကာအဖြစ် ခရစ်တော်ကို ပေးဆပ်ခဲ့တယ်။ အတိတ်တုန်းက လူတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်။ ဒီနည်းနဲ့ မိမိရဲ့ ဖြောင့်မတ်မှုကို ဖော်ပြခဲ့တယ်။
၁၅ အပြစ်ရှိသူတွေကို ကယ်တင်ဖို့ ဒီလောကကို ခရစ်တော်ယေရှု ဆင်းလာတယ်ဆိုတဲ့+ စကားဟာ မှန်ကန်တယ်၊ အပြည့်အဝ ယုံကြည်စိတ်ချထိုက်တယ်။ အပြစ်ရှိသူတွေထဲမှာ ငါဟာ အပြစ်အများဆုံးပဲ။+
၁၇ ဘုရားသခင်ရဲ့အလုပ်ကို သနားကြင်နာစိတ်နဲ့ သစ္စာရှိရှိ လုပ်ဆောင်တဲ့ ပုရောဟိတ်မင်း ဖြစ်နိုင်ဖို့ ယေရှုဟာ မိမိရဲ့ “ညီအစ်ကိုတွေ” နဲ့ အရာရာမှာ မဖြစ်မနေ တူခဲ့ရတယ်။+ ဒါမှ လူတွေရဲ့အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို+ ပူဇော်နိုင်မှာကိုး။+
၂၄ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သူ့ခန္ဓာကိုယ်မှာ သယ်ဆောင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံခဲ့တယ်။+ ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်နဲ့ မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ရာကို လုပ်ဆောင်ဖို့ အသက်ရှင်နေကြပြီ။ ဒါ့အပြင် “သူ့ဒဏ်ရာတွေကြောင့် ခင်ဗျားတို့ အနာရောဂါ ပျောက်ကင်းသွားပြီ။”+
၁၀ ကျွန်တော်တို့ရဲ့ အပြစ်အတွက်+ အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ်+ သားတော်ကို စေလွှတ်ခဲ့တာဟာ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ပါ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်ခဲ့လို့ မဟုတ်ပါဘူး။