-
၁ တိမောသေ ၁:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ငါ့သားတိမောသေ၊ မင်းကိုရည်စူးပြီး ဟောထားတဲ့ ပရောဖက်ပြုချက်တွေအတိုင်း ဒီညွှန်ကြားချက်ကို ငါပေးတာပါ။ အဲဒီပရောဖက်ပြုချက်တွေအတိုင်း မွန်မြတ်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်ခိုက်သွားပါ။+ ၁၉ ယုံကြည်ခြင်းနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုလည်း ထိန်းသိမ်းထားပါ။+ လူတချို့ဟာ အမှားအမှန်သိစိတ်ကို ဘေးဖယ်ထားတဲ့အတွက် ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ရတယ်။
-
-
၁ တိမောသေ ၆:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ခရစ်ယာန်ယုံကြည်ခြင်းအတွက် မွန်မြတ်တဲ့တိုက်ပွဲကို တိုက်နေပါ။ မင်းဟာ ထာဝရအသက်ရဖို့ ရွေးချယ်ခံရပြီး အဲဒီအသက်အတွက် လူအများရှေ့မှာ ကောင်းကောင်း သက်သေခံခဲ့တယ်။ ဒါကြောင့် ထာဝရအသက် မျှော်လင့်ချက်ကို ရှင်သန်နေစေပါ။
-