ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရာဇဝင်ချုပ် ၂၉:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကြီးမြတ်မှု၊+ တင့်တယ်မှု၊ ခမ်းနားမှု၊ အစွမ်းသတ္တိ၊+ ဘုန်းတန်ခိုးနဲ့ ပြည့်စုံပါတယ်။+ ယေဟောဝါဘုရား၊ ကောင်းကင်နဲ့ မြေကြီးပေါ် ရှိသမျှကို ပိုင်တယ်။+ မင်းအာဏာတော်ကိုလည်း ပိုင်တယ်။+ ကိုယ်တော်ဟာ အရာခပ်သိမ်းရဲ့အထွတ်အဖြစ် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့အရှင်ပါပဲ။

  • ဆာလံ ၂၂:၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၈ ယေဟောဝါဟာ ရှင်ဘုရင်ပဲ။+

      လူမျိုးတွေကို အုပ်စိုးနေတယ်။

  • ဒံယေလ ၄:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဒါဟာ စေတမန်တွေရဲ့ ကြေညာချက်ပဲ။+ သန့်ရှင်းသူတွေ ကြေညာတဲ့ စီရင်ဆုံးဖြတ်ချက်ပဲ။ အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်ပြီး+ နိုင်ငံကို သူပေးချင်တဲ့သူကို ပေးနိုင်မှန်း၊ အနိမ့်ကျဆုံးသူကိုတောင် အုပ်စိုးခွင့်ပေးနိုင်မှန်း အသက်ရှင်နေတဲ့ လူသားတွေသိစေဖို့ ဖြစ်တယ်” လို့ ကြွေးကြော်တယ်။

  • ဒံယေလ ၄:၃၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ “ခုနစ်ကာလစေ့သွားတဲ့အခါ+ ငါနေဗုခဒ်နေဇာက ကောင်းကင်ကို မော့ကြည့်ပြီး စိတ်က ပုံမှန်ပြန်ဖြစ်လာတယ်။ ဒါကြောင့် အမြင့်ဆုံးအရှင်ကို ချီးမွမ်းပြီး ထာဝစဉ်အသက်ရှင်တဲ့အရှင်ကို ချီးမွမ်းဂုဏ်တင်တယ်။ အဲဒီဘုရားရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ ထာဝစဉ်တည်တံ့တယ်။ သူ့နိုင်ငံလည်း လူမျိုးအဆက်ဆက် တည်မြဲတယ်။+

  • ဗျာဒိတ် ၁၂:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ အဲဒီနောက် ကောင်းကင်မှာ အသံအကျယ်ကြီး ထွက်ပေါ်လာတယ်–

      “ဘုရားသခင်က လူတွေကို ကယ်တင်ပြီ။+ တန်ခိုးတော် ပြပြီ။ နိုင်ငံတော် တည်ထောင်ပြီ။+ ခရစ်တော်ရဲ့ အခွင့်အာဏာ စတင်သက်ရောက်ပြီ။ ငါတို့ရဲ့ ညီအစ်ကိုတွေကို ဘုရားသခင်ရှေ့မှာ နေ့ညမပြတ် စွပ်စွဲနေတဲ့သူ ပစ်ချခံရပြီဖြစ်လို့ပဲ။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ