ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ဘုရင်များ မာတိကာ

      • အာခဇိသေမယ်လို့ ဧလိယကြိုဟော (၁-၁၈)

၂ ဘုရင်များ ၁:၁

ကျမ်းညွှန်းများ

  • +က ၁၉:၃၆၊ ၃၇; ၂ရှ ၈:၂; ဆ ၆၀:၈

၂ ဘုရင်များ ၁:၂

ကျမ်းညွှန်းများ

  • +ယရ ၁၃:၂၊ ၃; ၁ရှ ၅:၁၀
  • +၂ဘု ၁:၁၆

၂ ဘုရင်များ ၁:၃

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ငါ့ဘုရားဟာ ယေဟောဝါ။”

ကျမ်းညွှန်းများ

  • +၁ဘု ၁၇:၁; ၁၈:၃၆
  • +ရှာ ၈:၁၉; ယေ ၂:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ စာ. ၂၄၇၀

၂ ဘုရင်များ ၁:၆

ကျမ်းညွှန်းများ

  • +၁ရ ၁၀:၁၃၊ ၁၄

၂ ဘုရင်များ ၁:၈

ကျမ်းညွှန်းများ

  • +၁ဘု ၁၉:၁၉; ဇာ ၁၃:၄; ဟီ ၁၁:၃၂၊ ၃၇
  • +မ ၃:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၁

၂ ဘုရင်များ ၁:၉

ကျမ်းညွှန်းများ

  • +တရ ၃၃:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၁

၂ ဘုရင်များ ၁:၁၀

ကျမ်းညွှန်းများ

  • +တလ ၁၁:၁; ၁၆:၃၅; လု ၉:၅၄; ယု ၇

၂ ဘုရင်များ ၁:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၁

၂ ဘုရင်များ ၁:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၁

၂ ဘုရင်များ ၁:၁၆

ကျမ်းညွှန်းများ

  • +ယရ ၁၃:၂၊ ၃
  • +၂ဘု ၁:၃

၂ ဘုရင်များ ၁:၁၇

ကျမ်းညွှန်းများ

  • +၂ဘု ၃:၁; ၉:၂၂
  • +၂ဘု ၈:၁၆

၂ ဘုရင်များ ၁:၁၈

ကျမ်းညွှန်းများ

  • +၁ဘု ၂၂:၅၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ဘု. ၁:၁က ၁၉:၃၆၊ ၃၇; ၂ရှ ၈:၂; ဆ ၆၀:၈
၂ ဘု. ၁:၂ယရ ၁၃:၂၊ ၃; ၁ရှ ၅:၁၀
၂ ဘု. ၁:၂၂ဘု ၁:၁၆
၂ ဘု. ၁:၃၁ဘု ၁၇:၁; ၁၈:၃၆
၂ ဘု. ၁:၃ရှာ ၈:၁၉; ယေ ၂:၁၁
၂ ဘု. ၁:၆၁ရ ၁၀:၁၃၊ ၁၄
၂ ဘု. ၁:၈၁ဘု ၁၉:၁၉; ဇာ ၁၃:၄; ဟီ ၁၁:၃၂၊ ၃၇
၂ ဘု. ၁:၈မ ၃:၄
၂ ဘု. ၁:၉တရ ၃၃:၁
၂ ဘု. ၁:၁၀တလ ၁၁:၁; ၁၆:၃၅; လု ၉:၅၄; ယု ၇
၂ ဘု. ၁:၁၆ယရ ၁၃:၂၊ ၃
၂ ဘု. ၁:၁၆၂ဘု ၁:၃
၂ ဘု. ၁:၁၇၂ဘု ၃:၁; ၉:၂၂
၂ ဘု. ၁:၁၇၂ဘု ၈:၁၆
၂ ဘု. ၁:၁၈၁ဘု ၂၂:၅၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ဘုရင်များ ၁:၁-၁၈

၂ ဘုရင်များ

၁ အာဟပ်မင်း သေဆုံးပြီးနောက်မှာ မောဘပြည်က+ အစ္စရေးပြည်ကို ပုန်ကန်တယ်။

၂ အဲဒီအချိန်မှာ  အာခဇိမင်းက ရှမာရိမြို့ရဲ့ လေသာနန်းဆောင်မှာရှိတဲ့ ဆန်ခါကွက်တပ်ထားတဲ့ အပေါက်ကနေ ကျွံကျပြီး  ဒဏ်ရာရသွားတဲ့အတွက် တမန်တွေလွှတ်ပြီး   “ငါ့ဒဏ်ရာ  ပြန်ကောင်းလာမလား သိနိုင်ဖို့ ဧကြုန်မြို့ရဲ့+ ဘုရား ဗာလဇေဗုပ်ကိုသွားမေးမြန်းကြ”+ လို့ အမိန့်ပေးတယ်။ ၃ အဲဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က တိရှဘိရွာသား ဧလိယ*+ ကို “အခု ရှမာရိဘုရင်ရဲ့ တမန်တွေကို သွားတွေ့ပြီး ပြောလိုက်။ ‘အစ္စရေးပြည်မှာ ဘုရားသခင် မရှိလို့ ဧကြုန်မြို့ရဲ့ဘုရား ဗာလဇေဗုပ်ကို သွားမေးမြန်းမလို့လား။+ ၄ ယေဟောဝါဘုရား ပြောတာက “မင်း အိပ်ရာထဲ လဲနေရာက ပြန်ထနိုင်မှာ မဟုတ်ဘူး။ သေကိုသေရလိမ့်မယ်”’” ဆိုပြီးပြောတယ်။ ဒါနဲ့ ဧလိယလည်း ထွက်သွားတယ်။

၅ တမန်တွေ ပြန်ရောက်လာတာနဲ့ အာခဇိက “ဘာလို့ပြန်လာတာလဲ” ဆိုပြီး မေးတယ်။ ၆ သူတို့က “လူတစ်ယောက် ကျွန်တော်တို့ကို လာတွေ့ပြီး ‘မင်းတို့ကိုလွှတ်လိုက်တဲ့ ဘုရင်ကို ပြန်ပြောလိုက်ပါ–  “ယေဟောဝါဘုရား ပြောတာက ‘အစ္စရေးပြည်မှာ ဘုရားသခင် မရှိလို့ ဧကြုန်မြို့ရဲ့ဘုရား ဗာလဇေဗုပ်ကို မေးမြန်းဖို့ လူလွှတ်လိုက်တာလား။ မင်း အိပ်ရာထဲ လဲနေရာက ပြန်ထနိုင်မှာမဟုတ်ဘူး။  သေကိုသေရလိမ့်မယ်’”’+ လို့ပြောလိုက်ပါတယ်” ဆိုပြီး လျှောက်တင်ကြတယ်။ ၇ ဒါနဲ့ အာခဇိမင်းက “မင်းတို့ကို လာတွေ့ပြီး အဲဒီလိုပြောတဲ့သူက ဘယ်လိုပုံမျိုးလဲ” လို့မေးတယ်။ ၈ “သားမွေးထည်ဝတ်ပြီး+ သားရေခါးပတ် ပတ်ထားတယ်”+ လို့ဖြေကြတော့ အာခဇိက “တိရှဘိရွာသား ဧလိယပဲ” လို့ပြောတယ်။

၉ အဲဒီနောက် အာခဇိမင်းက တပ်မှူးတစ်ယောက်ကို တပ်သား ၅၀ နဲ့အတူ ဧလိယဆီ လွှတ်လိုက်တယ်။ တပ်မှူးက ဧလိယထိုင်နေတဲ့ တောင်ထိပ်ကို တက်သွားပြီး “စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ၊+ ‘ဆင်းလာခဲ့’ လို့ ဘုရင်မိန့်မှာတယ်” ဆိုပြီးပြောတယ်။ ၁၀ ဒါပေမဲ့ ဧလိယက အဲဒီတပ်မှူးကို “ကောင်းပြီ၊ ငါဟာ ဘုရားသခင်ရဲ့လူမှန်ရင် ကောင်းကင်ကနေ မီးကျပြီး+ ခင်ဗျားနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းပါစေ” လို့ပြောတဲ့အခါ ကောင်းကင်ကနေ မီးကျလာပြီး တပ်မှူးနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းသွားတယ်။

၁၁ ဒါနဲ့ အာခဇိမင်းက နောက်ထပ်တပ်မှူးတစ်ယောက်ကို တပ်သား ၅၀ နဲ့အတူ လွှတ်လိုက်ပြန်တယ်။ အဲဒီတပ်မှူးက “စစ်မှန်တဲ့ ဘုရားသခင်ရဲ့လူ၊ ‘မြန်မြန်ဆင်းလာခဲ့’ လို့ ဘုရင်မိန့်မှာတယ်” ဆိုပြီးပြောတယ်။ ၁၂ ဒါပေမဲ့ ဧလိယက “ငါဟာ စစ်မှန်တဲ့ဘုရားသခင်ရဲ့ လူမှန်ရင် ကောင်းကင်ကနေ မီးကျပြီး ခင်ဗျားနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းပါစေ” လို့ပြောတဲ့အခါ ကောင်းကင်ကနေ ဘုရားသခင်ရဲ့မီး ကျလာပြီး တပ်မှူးနဲ့ တပ်သား ၅၀ ကို လောင်ကျွမ်းသွားတယ်။

၁၃ အာခဇိမင်းလည်း တတိယတပ်မှူးကို တပ်သား ၅၀ နဲ့အတူ လွှတ်လိုက်ပြန်တယ်။ ဒါပေမဲ့ တတိယတပ်မှူးက တက်သွားပြီး ဧလိယရှေ့မှာ ဒူးထောက်ရင်း “စစ်မှန်တဲ့ ဘုရားသခင်ရဲ့လူ၊ အရှင့်ကျွန်တွေဖြစ်တဲ့ ဒီတပ်သား ၅၀ ရဲ့အသက်နဲ့ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ၁၄ ကောင်းကင်ကနေ မီးကျလာပြီး အရင်တပ်မှူးနှစ်ယောက်နဲ့ သူတို့ရဲ့တပ်သား ၅၀ စီကို လောင်ကျွမ်းသွားပါတယ်။ ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ” ဆိုပြီး အသနားခံတယ်။

၁၅ ဒါနဲ့ ယေဟောဝါရဲ့ ကောင်းကင်တမန်က “သူနဲ့အတူ ဆင်းသွားပါ။ မကြောက်နဲ့” လို့ပြောတော့ ဧလိယလည်း အာခဇိမင်းဆီ တပ်မှူးနဲ့အတူ ဆင်းသွားတယ်။ ၁၆ အာခဇိဆီ ရောက်တဲ့အခါ ဧလိယက “ယေဟောဝါဘုရား ပြောတာက ‘ဧကြုန်မြို့ရဲ့ဘုရား+ ဗာလဇေဗုပ်ကို မေးမြန်းဖို့ တမန်တွေကို ဘာလို့လွှတ်တာလဲ။ အစ္စရေးပြည်မှာ ဘုရားသခင် မရှိလို့လား။+ ဘုရားသခင်ကို ဘာလို့ မမေးမြန်းတာလဲ။ ဒါကြောင့် မင်း အိပ်ရာထဲလဲနေရာက ပြန်ထနိုင်မှာ မဟုတ်ဘူး။ သေကိုသေရလိမ့်မယ်’” လို့ပြောလိုက်တယ်။ ၁၇ ယေဟောဝါ ပြောခိုင်းတဲ့အတိုင်းပဲ အာခဇိ သေဆုံးသွားတယ်။ သူ့မှာ သားတော်မရှိတဲ့အတွက် ညီတော်ယောရံက+ ယုဒဘုရင် ယောရှဖတ်ရဲ့သား ယဟောရံနန်းစံ ၂ နှစ်မြောက်မှာ+ ထီးနန်းဆက်ခံတယ်။

၁၈ အာခဇိရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊+ လုပ်ဆောင်ခဲ့တာတွေကို အစ္စရေးဘုရင်တွေရဲ့ ရာဇဝင်မှတ်တမ်းမှာ ရေးထားတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ