တောလည်ရာ
၃၄ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “အစ္စရေးတွေကို မင်း ညွှန်ကြားရမှာက ‘မင်းတို့အမွေရမယ့် ခါနန်ပြည်ထဲဝင်တဲ့အခါ+ နယ်နိမိတ်တွေကို ဒီလိုသတ်မှတ်ရမယ်–+
၃ “‘တောင်ဘက်နယ်နိမိတ်ဟာ ဇိနတောကန္တာရကနေ ဧဒုံပြည်တစ်လျှောက်ပဲ။ တောင်ဘက်နယ်နိမိတ်ရဲ့ အရှေ့ပိုင်းက ဆားငန်အိုင် အစွန်ပိုင်းကနေ စတင်တယ်။+ ၄ အဲဒီကနေ အာကရာဗင်ကုန်းရဲ့+ တောင်ဘက်ကို ဖြတ်ပြီး ဇိနတောကန္တာရအထိ ဆက်သွားတယ်။ အဲဒီနောက် ကာဒေရှဗာနာအရပ်ရဲ့+ တောင်ဘက်ကနေ ဟာဇာအဒါမြို့အထိ၊+ အာဇမုန်မြို့အထိ ဆက်သွားတယ်။ ၅ အာဇမုန်မြို့ကနေ အီဂျစ်သဲချောင်းဘက် ကွေ့သွားပြီး ပင်လယ်ကြီးမှာ* နယ်နိမိတ်ဆုံးတယ်။+
၆ “‘ပင်လယ်ကြီးနဲ့ ကမ်းရိုးတန်းတစ်လျှောက်လုံးဟာ အနောက်ဘက် နယ်နိမိတ်ပဲ။+
၇ “‘မြောက်ဘက်နယ်နိမိတ်က ပင်လယ်ကြီးကနေ ဟောရတောင်အထိ၊ ၈ ဟောရတောင်ကနေ ဟာမတ်လမ်းဝအထိ၊+ ဇေဒဒ်အရပ်အထိ ဆက်သွားတယ်။+ ၉ အဲဒီနောက် ဇိဖြုန်အရပ်အထိ ရောက်လာပြီး ဟာဇရေနန်အရပ်မှာ နယ်နိမိတ်ဆုံးတယ်။+ ဒါဟာ မြောက်ဘက် နယ်နိမိတ်ပဲ။
၁၀ “‘ဟာဇရေနန်အရပ်ကနေ ရှေဖံအရပ်အထိက အရှေ့ဘက် နယ်နိမိတ်ပဲ။ ၁၁ ရှေဖံအရပ်ကနေ အအိန်အရပ်ရဲ့ အရှေ့ဘက် ရိဗလအရပ်အထိ ဆက်သွားပြီး ခိနေရက်အိုင်ရဲ့* အရှေ့ဘက်ကို ဆင်းလာတယ်။+ ၁၂ အဲဒီနောက် ဂျော်ဒန်မြစ်အထိ ရောက်လာပြီး ဆားငန်အိုင်မှာ နယ်နိမိတ်ဆုံးတယ်။+ ဒါဟာ မင်းတို့ရဲ့ပြည်၊+ ပြည်ရဲ့နယ်နိမိတ်တွေပဲ။”
၁၃ မောရှေလည်း အစ္စရေးတွေကို “အနွယ်ကိုးနွယ်နဲ့ အနွယ်တစ်ဝက်ကို ပေးဖို့ ယေဟောဝါဘုရား မိန့်မှာထားတဲ့အတိုင်း ခင်ဗျားတို့ မဲချပြီး အမွေအဖြစ် ခွဲဝေယူရမယ့်ပြည်ဟာ ဒီပြည်ပဲ။+ ၁၄ ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ် တစ်ဝက်ကတော့+ ၁၅ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာအရပ်ဖြစ်တဲ့ ဂျော်ဒန်မြစ်ရဲ့ အရှေ့ဘက်မှာ အမွေယူပြီးပြီ”+ လို့မှာတယ်။
၁၆ ယေဟောဝါက မောရှေကို မှာတယ်– ၁၇ “ပုရောဟိတ် ဧလာဇာနဲ့+ နုန်ရဲ့သား ယောရှုက+ မင်းတို့ အမွေရမယ့် ပြည်ကို ခွဲဝေပေးလိမ့်မယ်။ ၁၈ ပြည်ကို ခွဲဝေရာမှာ ကူညီပေးဖို့ တစ်နွယ်မှာ ခေါင်းဆောင်တစ်ယောက်စီ+ ရွေးချယ်ပါ။ ၁၉ အဲဒီခေါင်းဆောင်တွေကတော့ ယုဒအနွယ်မှာ+ ယေဖုန်နာရဲ့သား ကာလက်၊+ ၂၀ ရှိမောင်အနွယ်မှာ+ အမိဟုရဲ့သား ရှေမွေလ၊ ၂၁ ဗင်ယာမိန်အနွယ်မှာ+ ခိသလုန်ရဲ့သား ဧလိဒဒ်၊ ၂၂ ဒန်အနွယ်မှာ+ ယောဂလိရဲ့သား ခေါင်းဆောင်ဗုကိ၊ ၂၃ ယောသပ်ရဲ့သား+ မနာရှေအနွယ်မှာ+ ဧဖုရဲ့သား ခေါင်းဆောင်ဟံယေလ၊ ၂၄ ဧဖရိမ်အနွယ်မှာ+ ရှိဖတန်ရဲ့သား ခေါင်းဆောင်ကေမွေလ၊ ၂၅ ဇာဗုလုန်အနွယ်မှာ+ ပါနက်ရဲ့သား ခေါင်းဆောင်ဧလိဇာဖန်၊ ၂၆ အိသခါအနွယ်မှာ+ အာဇန်ရဲ့သား ခေါင်းဆောင်ပါလတေလ၊ ၂၇ အာရှာအနွယ်မှာ+ ရှေလောမိရဲ့သား ခေါင်းဆောင်အဟိဟု၊ ၂၈ နဿလိအနွယ်မှာ+ အမိဟုရဲ့သား ခေါင်းဆောင်ပေဒေလတို့ဖြစ်တယ်။” ၂၉ သူတို့ဟာ ခါနန်ပြည်မှာ အစ္စရေးတွေကို မြေခွဲဝေပေးဖို့ ယေဟောဝါ ခန့်အပ်ထားသူတွေပဲ။+