ဟဂ္ဂဲ
၂ ခုနစ်လပိုင်း၊ ၂၁ ရက်နေ့မှာ ပရောဖက် ဟဂ္ဂဲကတစ်ဆင့်+ ယေဟောဝါ ပြောတာက– ၂ “ရှာလသေလရဲ့သား ယုဒဘုရင်ခံ+ ဇေရုဗဗေလ၊+ ယောဇဒက်+ ရဲ့သား ပုရောဟိတ်မင်း ယောရှုနဲ့+ ကျန်တဲ့လူတွေကို မေးလိုက်ပါ– ၃ ‘ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ အရင်အိမ်တော်ကို မြင်ဖူးတဲ့သူ မင်းတို့ထဲမှာ ရှိသေးလား။+ အခုဆို အိမ်တော်ဟာ ဘယ်လိုပုံစံဖြစ်နေပြီလဲ။ အရင်အိမ်တော်နဲ့ တခြားစီပဲလို့ မထင်ဘူးလား။’+
၄ “ငါယေဟောဝါ ပြောမယ်– ‘အို ဇေရုဗဗေလ၊ ရဲရင့်ပါ။ အို ယောဇဒက်ရဲ့သား ပုရောဟိတ်မင်း ယောရှု၊ ရဲရင့်ကြ။’
“ငါယေဟောဝါ ပြောမယ်– ‘ပြည်သူပြည်သားအပေါင်းတို့၊ ရဲရင့်ကြ။+ လုပ်စရာရှိတာ လုပ်ကြ။’
“‘မင်းတို့နဲ့အတူ ငါရှိနေတယ်။’+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတဲ့စကားပဲ။ ၅ ‘အီဂျစ်ပြည်ကနေ မင်းတို့ထွက်လာတုန်းက ငါပေးခဲ့တဲ့ ကတိတွေကို ပြန်သတိရကြပါ။+ မင်းတို့ဆီမှာ ငါ့စွမ်းအားတော် ရှိနေတယ်။*+ မကြောက်ကြနဲ့။’”+
၆ “‘မကြာခင် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ ကုန်းမြေကို နောက်တစ်ကြိမ် ငါလှုပ်ခါဦးမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၇ “‘လူမျိုးအားလုံးကို ငါလှုပ်ခါမယ်။ လူမျိုးအားလုံးထဲက တန်ဖိုးရှိတဲ့အရာတွေ ဒီအိမ်တော်ကို ရောက်လာမယ်။+ ဒီအိမ်တော်ကို ဘုန်းအသရေနဲ့ ပြည့်စုံစေမယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၈ “‘ငွေကို ငါပိုင်တယ်။ ရွှေကိုလည်း ပိုင်တယ်’ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၉ “‘ဒီအိမ်တော်အသစ်ရဲ့ ဘုန်းအသရေဟာ အရင်အိမ်တော်ရဲ့ ဘုန်းအသရေထက် ကြီးမြတ်လိမ့်မယ်’+ လို့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
“‘ငါက ဒီနေရာမှာ ငြိမ်သက်ခြင်း ရှိစေမယ်။’+ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။”
၁၀ ဒါရိမင်းနန်းစံ ဒုတိယနှစ်၊ ကိုးလပိုင်း၊ ၂၄ ရက်နေ့မှာ ယေဟောဝါက ပရောဖက်ဟဂ္ဂဲကို ပြောတယ်–+ ၁၁ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘ပုရောဟိတ်တွေကို ပညတ်တရားနဲ့ပတ်သက်ပြီး မေးကြည့်လိုက်ပါ–+ ၁၂ “ပူဇော်ထားတဲ့ သန့်ရှင်းတဲ့အသားကို ဝတ်ရုံနဲ့ထုပ်ပြီး သယ်လာတယ် ဆိုပါစို့။ မုန့်၊ စွပ်ပြုတ်၊ စပျစ်ဝိုင်၊ ဆီ၊ စားစရာတစ်ခုခုက အဲဒီဝတ်ရုံနဲ့ ထိမိတယ်ဆိုရင် အဲဒီစားစရာ သန့်ရှင်းသွားမလား” လို့မေးတဲ့အခါ၊
ပုရောဟိတ်တွေက “မသန့်ရှင်းဘူး” လို့ဖြေကြတယ်။
၁၃ ဟဂ္ဂဲက “အသေကောင်ကို* ကိုင်မိလို့ ညစ်ညူးသူတစ်ယောက်က အဲဒီစားစရာတစ်ခုခုကို ကိုင်မိရင် အဲဒီစားစရာ ညစ်ညူးသွားမလား”+ လို့မေးတဲ့အခါ၊
ပုရောဟိတ်တွေက “ညစ်ညူးမှာပေါ့” လို့ဖြေကြတယ်။
၁၄ ဒါနဲ့ ဟဂ္ဂဲကလည်း “ယေဟောဝါ ပြောတာက– ‘ဒီလူတွေဟာ၊ ဒီလူမျိုးဟာ ငါ့ရှေ့မှာ အဲဒီအတိုင်း ဖြစ်နေတယ်။ သူတို့လုပ်ဆောင်သမျှ ငါ့ရှေ့မှာ အဲဒီအတိုင်းပဲ။ သူတို့ပူဇော်သမျှ ညစ်ညူးနေတယ်’ လို့ပြောလိုက်တယ်။
၁၅ “‘ဒီနေ့ကစပြီး မင်းတို့ အသေအချာ စဉ်းစားကြည့်ပါဦး– ယေဟောဝါရဲ့ ဗိမာန်တော်ကို ပြန်မတည်ဆောက်ခင်မှာ၊+ ၁၆ ဘာတွေဖြစ်ခဲ့သလဲ။ ကောက်နှံအချိန် ၂၀ ရဖို့ မျှော်လင့်ပေမဲ့ အချိန် ၁ဝ ပဲ ရခဲ့တယ်။ စပျစ်ကျင်းကနေ ဝိုင်ပုလင်း ၅၀ ရဖို့ မျှော်လင့်ပေမဲ့ ပုလင်း ၂၀ ပဲ ရခဲ့တယ်။+ ၁၇ မင်းတို့လုပ်လေသမျှကို အပူရှိန်ကြောင့် အပင်သေတဲ့ဘေး၊ မှိုရောဂါ၊+ မိုးသီးတွေနဲ့ ငါဒဏ်ခတ်ခဲ့တယ်။ ဒါတောင် တစ်ယောက်မှ ငါ့ဆီ ပြန်မလှည့်လာဘူး’ လို့ ယေဟောဝါပြောတယ်။
၁၈ “‘ယေဟောဝါရဲ့ ဗိမာန်တော်ကို အုတ်မြစ်ချတဲ့ ကိုးလပိုင်း၊ ၂၄ ရက်နေ့ဖြစ်တဲ့ ဒီနေ့ကစပြီး+ အသေအချာ စဉ်းစားကြည့်ပါ– ၁၉ ကျီထဲမှာ မျိုးစေ့တွေ ကျန်သေးလို့လား။+ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်၊ သံလွင်ပင်တွေ အသီးမသီးတော့ဘူး မဟုတ်လား။ ဒါပေမဲ့ ဒီနေ့ကစပြီး မင်းတို့ကို ငါကောင်းချီးပေးမယ်။’”+
၂၀ ကိုးလပိုင်း၊ ၂၄ ရက်နေ့မှာ ယေဟောဝါက ဟဂ္ဂဲကို ထပ်ပြောတယ်–+ ၂၁ “ယုဒဘုရင်ခံ ဇေရုဗဗေလကို ပြောလိုက်ပါ– ‘ကောင်းကင်နဲ့ မြေကြီးကို ငါလှုပ်ခါမယ်။+ ၂၂ တိုင်းနိုင်ငံတွေရဲ့ ရာဇပလ္လင်ကို ငါမှောက်လှန်မယ်။ တိုင်းနိုင်ငံတွေရဲ့ အစွမ်းတန်ခိုးကို အစတုံးဖျက်ဆီးမယ်။+ မြင်းရထားတွေ၊ မြင်းစီးသူရဲတွေကို ငါမှောက်လှန်တဲ့အခါ သူတို့ ပြိုလဲသွားကြလိမ့်မယ်။ အချင်းချင်း သတ်ဖြတ်ကြလိမ့်မယ်။’”+
၂၃ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက– ‘ရှာလသေလရဲ့သား+ ငါ့ကျွန် ဇေရုဗဗေလ၊+ အဲဒီနေ့ကျရင် မင်းကို ငါအသုံးပြုမယ်။’ ငါယေဟောဝါ ပြောမယ်– ‘မင်းဟာ ငါရွေးချယ်ထားသူဖြစ်တဲ့အတွက် မင်းကို တံဆိပ်လက်စွပ်လို ဖြစ်စေမယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတဲ့ စကားပဲ။”