နေဟမိ
၇ မြို့ရိုးပြန်တည်ဆောက်ပြီးတာနဲ့+ တံခါးရွက်တွေကို ကျွန်တော် တပ်ဆင်တယ်။+ တံခါးစောင့်တွေ၊+ သီချင်းသည်တွေ၊+ လေဝိအမျိုးသားတွေကိုလည်း+ ခန့်အပ်တယ်။ ၂ ပြီးတော့ ဂျေရုဆလင်မြို့ကို ကြီးကြပ်ကွပ်ကဲဖို့ ကျွန်တော့်ညီ ဟာနေနိနဲ့+ ရဲတိုက်မှူး+ ဟာနနိကို ခန့်ထားတယ်။ ဟာနနိဟာ တကယ် ယုံကြည်စိတ်ချထိုက်သူ၊ စစ်မှန်တဲ့ ဘုရားသခင်ကို အလွန်ကြောက်ရွံ့ရိုသေသူ ဖြစ်တယ်။+ ၃ “ဂျေရုဆလင်မြို့တံခါးတွေကို နေမမြင့်မချင်း မဖွင့်ရဘူး။ မြို့တံခါးကို စောင့်ကြပ်တဲ့အခါ တံခါးတွေပိတ်ပြီး မင်းတုပ်ချထားရမယ်။ မြို့သားတချို့ကို ကင်းတဲမှာ၊ တချို့ကိုတော့ ကိုယ့်အိမ်ရှေ့မှာ ကင်းစောင့်တာဝန် ချထားရမယ်” ဆိုပြီး သူတို့ကို ကျွန်တော်မှာတယ်။ ၄ မြို့က ကြီးမားကျယ်ဝန်းသလောက် နေထိုင်သူ နည်းနည်းလေးပဲ ရှိတယ်။+ အိမ်တွေကိုလည်း ပြန်မဆောက်ရသေးဘူး။
၅ အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လူတွေကို စုဝေးပြီး ဆွေစဉ်မျိုးဆက်စာရင်း ပြုစုသင့်တယ်ဆိုတဲ့အကြံ ကျွန်တော့်စိတ်ထဲ ပေါ်လာအောင် ဘုရားသခင် လုပ်ပေးတယ်။+ ဦးဆုံးပြန်ရောက်လာသူတွေရဲ့ ဆွေစဉ်မျိုးဆက်စာရင်းကိုလည်း တွေ့တယ်။ အဲဒီမှာ အခုလိုရေးထားတယ်-
၆ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ+ ဖမ်းခေါ်သွားတဲ့အတွက် ဗာဗုလုန်ရဲ့ ခရိုင်မြို့တွေမှာ သုံ့ပန်းဘဝရောက်ပြီး+ နောက်ပိုင်းမှာ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်၊ ကိုယ့်မြို့ကိုယ့်ရွာဆီ ပြန်လာတဲ့သူတွေရှိတယ်။+ ၇ ဇေရုဗဗေလ၊+ ယေရွှာ၊+ နေဟမိ၊ အာဇရိ၊ ရေမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နဲ့အတူ သူတို့ပြန်လာကြတယ်။
အဲဒီအစ္စရေးအမျိုးသားတွေရဲ့ အရေအတွက်ကတော့–+ ၈ ပါရုတ်ရဲ့သားမြေး ၂,၁၇၂ ယောက်၊ ၉ ရှေဖတိရဲ့သားမြေး ၃၇၂ ယောက်၊ ၁၀ အာရာရဲ့သားမြေး+ ၆၅၂ ယောက်၊ ၁၁ ပါဟတ်မောဘရဲ့ သားမြေး၊+ ယေရွှာရဲ့ သားမြေးနဲ့ ယွာဘရဲ့သားမြေး+ စုစုပေါင်း ၂,၈၁၈ ယောက်၊ ၁၂ ဧလံရဲ့ သားမြေး+ ၁,၂၅၄ ယောက်၊ ၁၃ ဇတ်တုရဲ့သားမြေး ၈၄၅ ယောက်၊ ၁၄ ဇက်ကဲရဲ့သားမြေး ၇၆၀၊ ၁၅ ဗိနွိရဲ့သားမြေး ၆၄၈ ယောက်၊ ၁၆ ဗေဗဲရဲ့သားမြေး ၆၂၈ ယောက်၊ ၁၇ အာဇဂဒ်ရဲ့သားမြေး ၂,၃၂၂ ယောက်၊ ၁၈ အဒေါနိကံရဲ့သားမြေး ၆၆၇ ယောက်၊ ၁၉ ဗိဂဝဲရဲ့သားမြေး ၂,၀၆၇ ယောက်၊ ၂၀ အာဒိန်ရဲ့သားမြေး ၆၅၅ ယောက်၊ ၂၁ ဟေဇကိအမျိုး အာတာရဲ့သားမြေး ၉၈ ယောက်၊ ၂၂ ဟာရှုံရဲ့သားမြေး ၃၂၈ ယောက်၊ ၂၃ ဗေဇဲရဲ့သားမြေး ၃၂၄ ယောက်၊ ၂၄ ဟာရိပ်ရဲ့သားမြေး ၁၁၂ ယောက်၊ ၂၅ ဂိဗောင်မြို့သား+ ၉၅ ယောက်၊ ၂၆ ဘက်သလီဟင်မြို့သားနဲ့ နေတောဖရွာသား ၁၈၈ ယောက်၊ ၂၇ အာနသုတ်မြို့သား+ ၁၂၈ ယောက်၊ ၂၈ ဗက်အာဇမာဝက်မြို့သား ၄၂ ယောက်၊ ၂၉ ကိရယတ်ယာရိမ်မြို့သား၊+ ခေဖိရာမြို့သား၊ ဗေရုတ်မြို့သား+ စုစုပေါင်း ၇၄၃ ယောက်၊ ၃၀ ရာမမြို့နဲ့ဂေဘမြို့သား+ ၆၂၁ ယောက်၊ ၃၁ မိတ်မတ်မြို့သား+ ၁၂၂ ယောက်၊ ၃၂ ဗေသလမြို့နဲ့+ အာအိမြို့သား+ ၁၂၃ ယောက်၊ ၃၃ တခြားနေဗောမြို့သား ၅၂ ယောက်၊ ၃၄ ဧလံ နောက်တစ်ယောက်ရဲ့သားမြေး ၁,၂၅၄ ယောက်၊ ၃၅ ဟာရိမ်ရဲ့သားမြေး ၃၂၀၊ ၃၆ ယေရိခေါမြို့သား ၃၄၅ ယောက်၊ ၃၇ လောဒမြို့၊ ဟာဒိမြို့နဲ့ သြနောမြို့သား+ စုစုပေါင်း ၇၂၁ ယောက်၊ ၃၈ ရှေနာအရပ်သား ၃,၉၃၀ ဖြစ်တယ်။
၃၉ ပုရောဟိတ်တွေကတော့+ ယေရွှာအမျိုး ယေဒါယရဲ့ သားမြေး ၉၇၃ ယောက်၊ ၄၀ အိမေရရဲ့ သားမြေး ၁,၀၅၂ ယောက်၊ ၄၁ ပါရှုရရဲ့သားမြေး+ ၁,၂၄၇ ယောက်၊ ၄၂ ဟာရိမ်ရဲ့သားမြေး+ ၁,၀၁၇ ယောက်ဖြစ်တယ်။
၄၃ လေဝိအမျိုးသားတွေကတော့+ ဟောဒေဝကနေ ဆင်းသက်လာတဲ့ ယေရွှာနဲ့ ကာဒမေလရဲ့သားမြေး+ ၇၄ ယောက်၊ ၄၄ အာသပ်ရဲ့သားမြေး+ သီချင်းသည်+ ၁၄၈ ယောက်၊ ၄၅ တံခါးစောင့်တွေဖြစ်တဲ့+ ရှလုံရဲ့သားမြေး၊ အာတာရဲ့သားမြေး၊ တာလမုန်ရဲ့သားမြေး၊ အက္ကုပ်ရဲ့သားမြေး၊+ ဟတိတရဲ့သားမြေး၊ ရှောဗဲရဲ့သားမြေး စုစုပေါင်း ၁၃၈ ယောက်ဖြစ်တယ်။
၄၆ ဗိမာန်တော်ကျွန်တွေ*+ ကတော့– ဇိဟရဲ့သားမြေး၊ ဟသုဖရဲ့သားမြေး၊ တဗောက်ရဲ့သားမြေး၊ ၄၇ ကေရုတ်ရဲ့သားမြေး၊ သယရဲ့သားမြေး၊ ပါဒုန်ရဲ့သားမြေး၊ ၄၈ လေဗနရဲ့သားမြေး၊ ဟာဂဘရဲ့သားမြေး၊ ရှာလမဲရဲ့သားမြေး၊ ၄၉ ဟာနန်ရဲ့သားမြေး၊ ဂိဒေလရဲ့သားမြေး၊ ဂါဟာရဲ့သားမြေး၊ ၅၀ ရာယရဲ့သားမြေး၊ ရေဇိန်ရဲ့သားမြေး၊ နေကောဒရဲ့သားမြေး၊ ၅၁ ဂဇမ်ရဲ့သားမြေး၊ သြဇရဲ့သားမြေး၊ ပါသာရဲ့သားမြေး၊ ၅၂ ဗေသဲရဲ့သားမြေး၊ မဟုနိမ်ရဲ့သားမြေး၊ နေဖိရှေသိမ်ရဲ့သားမြေး၊ ၅၃ ဗာကဗုတ်ရဲ့သားမြေး၊ ဟကုဖရဲ့သားမြေး၊ ဟာရဟုရရဲ့သားမြေး၊ ၅၄ ဗာဇလိတ်ရဲ့သားမြေး၊ မဟိဒရဲ့သားမြေး၊ ဟာရရှရဲ့သားမြေး၊ ၅၅ ဗာကုတ်ရဲ့သားမြေး၊ သိသရရဲ့သားမြေး၊ တာမရဲ့သားမြေး၊ ၅၆ နေဇိရဲ့သားမြေး၊ ဟတိဖရဲ့သားမြေးတို့ဖြစ်တယ်။
၅၇ ရှောလမုန်ကျွန်တွေရဲ့ သားမြေးတွေကတော့+ သောတဲရဲ့သားမြေး၊ သောဖရက်ရဲ့သားမြေး၊ ပေရိဒရဲ့သားမြေး၊ ၅၈ ယာလရဲ့သားမြေး၊ ဒါကုန်ရဲ့သားမြေး၊ ဂိဒေလရဲ့သားမြေး၊ ၅၉ ရှေဖတိရဲ့သားမြေး၊ ဟတိလရဲ့သားမြေး၊ ပေါခရက်ဟေဇဗိမ်ရဲ့ သားမြေး၊ အာမုန်ရဲ့သားမြေးတို့ဖြစ်တယ်။ ၆၀ ဗိမာန်တော်ကျွန်တွေနဲ့+ ရှောလမုန်ကျွန်တွေရဲ့ သားမြေး စုစုပေါင်း ၃၉၂ ယောက်ရှိတယ်။
၆၁ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အာဒန်မြို့၊ အိမေရမြို့ကနေ ထွက်လာခဲ့ပေမဲ့ ဘယ်ဆွေမျိုးစု၊ ဘယ်မျိုးရိုးဖြစ်မှန်း သက်သေမပြနိုင်တဲ့အတွက် အစ္စရေးဟုတ်မဟုတ် မသေချာသူတွေလည်း ရှိတယ်။+ ၆၂ အဲဒီလူတွေကတော့ ဒေလာယရဲ့သားမြေး၊ တောဘိရဲ့သားမြေး၊ နေကောဒရဲ့သားမြေး စုစုပေါင်း ၆၄၂ ယောက်ရှိတယ်။ ၆၃ ပုရောဟိတ်တွေထဲမှာ ဟဗာယရဲ့သားမြေး၊ ဟက္ကုတ်ရဲ့သားမြေး၊+ ဂိလဒ်ပြည်သား ဗာဇိလဲရဲ့+ သမီးတစ်ယောက်နဲ့လက်ထပ်ပြီး အဲဒီမိသားစုနာမည်ကို ခံယူလိုက်တဲ့ ဗာဇိလဲရဲ့သားမြေးတို့ ဖြစ်တယ်။ ၆၄ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာ သူတို့ပါမပါ ရှာပေမဲ့လည်း မတွေ့တဲ့အတွက် အတည်ပြုလို့မရဘူး။ ဒါကြောင့် သူတို့ဟာ ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီကြဘူး။+ ၆၅ ဒါနဲ့ ဘုရင်ခံက*+ ဥရိမ်နဲ့သုမိမ်ကို သုံးပြီး မေးမြန်းနိုင်တဲ့ ပုရောဟိတ် မရှိမချင်း+ အသန့်ရှင်းဆုံးအရာတွေကို သူတို့မစားရဘူးလို့+ အမိန့်ချလိုက်တယ်။
၆၆ လူတစ်စုလုံးရဲ့ လူဦးရေက ၄၂,၃၆၀ ရှိတယ်။+ ၆၇ ဒါ့အပြင် ကျွန်ယောက်ျား ကျွန်မိန်းမ+ ၇,၃၃၇ ယောက်၊ သီချင်းသည် ယောက်ျားမိန်းမ+ ၂၄၅ ယောက် ရှိတယ်။ ၆၈ မြင်း ၇၃၆ ကောင်၊ လား ၂၄၅ ကောင်၊ ၆၉ ကုလားအုတ် ၄၃၅ ကောင်၊ မြည်းအကောင် ၆,၇၂၀ ရှိတယ်။
၇၀ ဆွေမျိုးစုခေါင်းဆောင်တချို့က လုပ်လက်စလုပ်ငန်းအတွက်* ပေးလှူကြတယ်။+ ဘုရင်ခံကလည်း ရွှေဒရက်မာ* ၁,၀၀၀၊ ဖလား ၅၀၊ ပုရောဟိတ်ဝတ်လုံ ၅၃၀ ကို+ ဘဏ္ဍာတိုက်ဆီ ပေးလှူတယ်။ ၇၁ ဆွေမျိုးစုခေါင်းဆောင်တချို့က ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေ မိုင်နာ* ၂,၂၀၀ ကို စီမံကိန်းဘဏ္ဍာတိုက်ဆီ ပေးလှူကြတယ်။ ၇၂ ကျန်တဲ့လူတွေက ရွှေဒရက်မာ ၂၀,၀၀၀၊ ငွေမိုင်နာ ၂,၀၀၀၊ ပုရောဟိတ်ဝတ်လုံ ၆၇ စုံကို ပေးလှူကြတယ်။
၇၃ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ တံခါးစောင့်တွေ၊ သီချင်းသည်တွေ၊+ ပြည်သူပြည်သားတချို့၊ ဗိမာန်တော်ကျွန်တွေနဲ့* ကျန်တဲ့အစ္စရေးအားလုံးက ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်အခြေချကြတယ်။+ ဒီလိုနဲ့ ခုနစ်လပိုင်း ရောက်တဲ့အခါ+ အားလုံး အခြေကျနေပြီ။+