ဆာလံ
အပိုင်းနှစ်
(ဆာလံ ၄၂–၇၂)
ဂီတမှူးသို့။ ကောရရဲ့သားမြေးတွေ+ စပ်ဆိုတဲ့ မက်စကီး။*
၄၂ အို ဘုရားသခင်၊ သမင်ဟာ
စမ်းရေကို တမ်းတသလို
ကျွန်တော်လည်း ကိုယ်တော့်ကို တမ်းတနေပါတယ်။
ဘုရားသခင်ရှေ့ကို ဘယ်အချိန်မှ ရောက်နိုင်မှာလဲ။+
၃ လူတွေက “မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ” ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့နေတဲ့အတွက်+
မျက်ရည်တွေဟာ နေ့ရောညပါ ကျွန်တော့်စားစရာ ဖြစ်နေပြီ။
ကျေးဇူးတင် ချီးမွမ်းသံတွေကြားမှာ
ဘုရားသခင်ရဲ့ အိမ်တော်ဆီ လူစုကြီးနဲ့အတူ သွားခဲ့တာ၊
ရှေ့ကနေ တစ်လှမ်းချင်း လျှောက်ခဲ့တာတွေကို
ပြန်သတိရမိလေတိုင်း ရင်ထဲမှာ ဆို့နင့်လာတယ်။
၅ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။+
ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။
ဘုရားသခင်ကို မဟာကယ်တင်ရှင်အဖြစ် ချီးမွမ်းရဦးမယ်။+
ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။+
ဒါကြောင့် ဂျော်ဒန်မြစ်ဝှမ်းဒေသကနေ၊
ဟေရမုန်တောင်ထိပ်နဲ့ မိဇာတောင်ကနေ
ကိုယ်တော့်ကို မျှော်မှန်းတမ်းတနေမိတယ်။+
ကျွန်တော့်ကို လှိုင်းလုံးကြီးတွေ လွှမ်းမိုးသွားတယ်။+
၈ ယေဟောဝါက နေ့ဘက်မှာ
ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာ ပြလိမ့်မယ်။
ညဘက်မှာ ကိုယ်တော့်အကြောင်း သီဆိုမယ်။
အသက်ပေးရှင် ဘုရားသခင်ဆီ ဆုတောင်းမယ်။+
၉ “ကျွန်တော့်ကို ဘာလို့ မေ့ထားတာလဲ။+
ရန်သူတွေဖိနှိပ်တာနဲ့ပဲ ကျွန်တော် ဘာလို့ ဝမ်းနည်းပက်လက် လျှောက်သွားနေရမှာလဲ”+ ဆိုပြီး
ကျွန်တော့်ကျောက်ဆောင်
ဘုရားသခင်ကို ပြောမယ်။
“မင်းရဲ့ဘုရားသခင် ဘယ်မှာလဲ” ဆိုပြီး တစ်နေ့လုံး ကဲ့ရဲ့ကြတယ်။+
၁၁ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။
ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။
ကိုယ်တော့်ကို မဟာကယ်တင်ရှင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်အဖြစ် ချီးမွမ်းရဦးမယ်။+
ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။+