ဆာလံ
ချီတက်သီချင်း။
၁၂၁ တောင်တန်းတွေကို ငါမျှော်ကြည့်နေတယ်။+
ဘယ်ကနေများ အကူအညီရနိုင်မှာလဲ။
၃ ဘုရားက မင်းခြေချော်သွားမှာကို ဘယ်တော့မှ ခွင့်မပြုဘူး။+
မင်းကို စောင့်ရှောက်တဲ့အရှင်ဟာ ဘယ်တော့မှ အိပ်မငိုက်ဘူး။
၄ ကြည့်လိုက်ပါ။ အစ္စရေးကို စောင့်ရှောက်နေတဲ့အရှင်ဟာ ဘယ်တော့မှ အိပ်မငိုက်ဘူး။
အိပ်ပျော်သွားမှာ မဟုတ်ဘူး။+
၅ ယေဟောဝါက မင်းကို စောင့်ရှောက်နေတယ်။
ယေဟောဝါဟာ မင်းရဲ့ ညာဘက်မှာရှိတဲ့ အရိပ်ပဲ။+
၇ ယေဟောဝါက မင်းကို ဘေးရန်ကင်းအောင် စောင့်ရှောက် လိမ့်မယ်။+
မင်းရဲ့အသက်ကိုလည်း
စောင့်ရှောက်လိမ့်မယ်။+
၈ ယေဟောဝါက မင်းဘာပဲလုပ်လုပ်
အခုကစပြီး ထာဝစဉ် စောင့်ရှောက်လိမ့်မယ်။