ဆာလံ
ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၄ မိုက်မဲသူတွေက “ယေဟောဝါ မရှိဘူး”+ လို့ စိတ်ထဲမှာ ပြောတတ်တယ်။
သူတို့ရဲ့အကျင့်တွေ ယိုယွင်းနေတယ်။
သူတို့ရဲ့လုပ်ရပ်တွေဟာ ရွံစရာကောင်းတယ်။
မှန်ရာလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+
၂ ယေဟောဝါကတော့ လူသားတွေထဲမှာ ထိုးထွင်းဉာဏ်ရှိသူ၊ ယေဟောဝါကိုရှာတဲ့သူ ရှိလေမလားဆိုပြီး
ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်။+
မှန်ရာလုပ်တဲ့သူ မရှိဘူး။
တစ်ယောက်တလေတောင် မရှိဘူး။
၄ အမှားလုပ်တဲ့သူတွေ တစ်ယောက်မှ နားမလည်ကြဘူး။
ငါ့လူတွေကို အစားအစာလို ဝါးမျိုပစ်တယ်။
ယေဟောဝါဆီ ဆုမတောင်းကြဘူး။
၆ အမှားလုပ်တဲ့ မင်းတို့က နိမ့်ကျသူရဲ့ အကြံအစည်တွေကို ဖျက်ဖို့ ကြိုးစားပေမဲ့
ယေဟောဝါဟာ သူ့ရဲ့ခိုလှုံရာပဲ။+
၇ ဇိအုန်ကနေ အစ္စရေးရဲ့ကယ်တင်ခြင်း ပေါ်ထွက်လာပါစေ။+
ယေဟောဝါက လူမျိုးတော်ကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းတဲ့အခါ
ယာကုပ် ရွှင်လန်းပါစေ။ အစ္စရေး ဝမ်းမြောက်ပါစေ။