တရားဟောရာ
၉ “အစ္စရေးတို့၊ နားထောင်ကြ။ အခု၊ ခင်ဗျားတို့ ဂျော်ဒန်မြစ်ကို ကူးပြီး+ လူဦးရေ ပိုများတဲ့၊ ပိုအင်အားကြီးတဲ့ လူမျိုးတွေ၊+ မိုးထိအောင်မြင့်တဲ့ ခံတပ်မြို့ကြီးတွေကို+ သိမ်းပိုက်အနိုင်ယူရတော့မယ်။ ၂ ထွားကျိုင်းပြီး အရပ်မြင့်တဲ့ အာနကလူတွေကိုလည်း+ အနိုင်ယူရတော့မယ်။ သူတို့အကြောင်း ခင်ဗျားတို့ သိတာပဲ။ ‘အာနကအမျိုးသားတွေကို ဘယ်သူယှဉ်နိုင်မလဲ’ ဆိုတဲ့စကားကိုလည်း ကြားဖူးတာပဲ။ ၃ အခု၊ ယေဟောဝါဘုရားက ခင်ဗျားတို့ရှေ့ကနေ ဖြတ်ကူးမယ်ဆိုတာ သိထားကြပါ။+ ဘုရားဟာ လောင်ကျွမ်းစေတဲ့မီး ဖြစ်တယ်။+ သူတို့အားလုံးကို ဖျက်ဆီးလိမ့်မယ်။ ခင်ဗျားတို့ရှေ့မှာ သူတို့ကို နှိမ်နင်းလိမ့်မယ်။ အဲဒီအခါ ခင်ဗျားတို့က ယေဟောဝါ ကတိပေးထားတဲ့အတိုင်း သူတို့ကို အမြန်မောင်းထုတ်ပြီး ဖျက်ဆီးနိုင်မယ်။+
၄ “ယေဟောဝါဘုရားက သူတို့ကို ခင်ဗျားတို့ရှေ့ကနေ နှင်ထုတ်တဲ့အခါ ‘ငါဖြောင့်မတ်လို့ ဒီပြည်ကိုအပိုင်ပေးဖို့ ယေဟောဝါ ခေါ်ဆောင်လာတာပဲ’+ ဆိုပြီး စိတ်ထဲမှာ မပြောမိစေနဲ့။ တကယ်တော့ ဒီလူမျိုးတွေ ဆိုးသွမ်းလို့+ ယေဟောဝါ နှင်ထုတ်လိုက်တာ။ ၅ ခင်ဗျားတို့ ဖြောင့်မတ်နေလို့၊ စိတ်ထားကောင်းလို့ သူတို့ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်တာ မဟုတ်ဘူး။ ဒီလူမျိုးတွေ ဆိုးသွမ်းလွန်းလို့ ယေဟောဝါဘုရား နှင်ထုတ်လိုက်တာ။+ ဘိုးဘေးအာဗြဟံ၊+ အိဇက်၊+ ယာကုပ်တို့ကို+ ယေဟောဝါ ကျိန်ဆိုခဲ့တဲ့စကားအတိုင်း လုပ်ဆောင်ဖို့လည်း ပါတာပေါ့။ ၆ ခင်ဗျားတို့ ဖြောင့်မတ်နေလို့ ယေဟောဝါဘုရားက သာယာလှပတဲ့ ဒီပြည်ကို အပိုင်ပေးတာ မဟုတ်ဘူးဆိုတာ သိထားကြပါ။ တကယ်တော့ ခင်ဗျားတို့ဟာ ခေါင်းမာတဲ့* လူမျိုးပဲ။+
၇ “တောကန္တာရမှာ ယေဟောဝါ ဒေါသထွက်အောင် ခင်ဗျားတို့ ဘယ်လိုဆွခဲ့တယ်ဆိုတာ သတိရပါ။+ ဘယ်တော့မှ မမေ့ပါနဲ့။ အီဂျစ်ပြည်ကနေ ထွက်လာတဲ့နေ့ကစပြီး ဒီကိုရောက်တဲ့အထိ ယေဟောဝါကို ခင်ဗျားတို့ ပုန်ကန်ခဲ့ကြတယ်။+ ၈ ဟောရပ်အရပ်မှာတောင် ယေဟောဝါကို ဒေါသထွက်အောင် ဆွခဲ့ကြတယ်။ အဲဒီတုန်းက ယေဟောဝါ စိတ်ဆိုးလွန်းလို့ ခင်ဗျားတို့အားလုံးကို ဖျက်ဆီးပစ်တော့မလို့ပဲ။+ ၉ ခင်ဗျားတို့နဲ့ ယေဟောဝါဖွဲ့တဲ့ ပဋိညာဉ်ကို+ ကျောက်ပြားပေါ်မှာ ရေးထားတော့+ အဲဒီကျောက်ပြားတွေကို ယူဖို့ တောင်ပေါ်တက်သွားတုန်းက မစားမသောက်ဘဲ ရက်ပေါင်း ၄၀ လုံး တောင်ပေါ်မှာ ကျွန်တော် နေခဲ့တယ်။+ ၁၀ ယေဟောဝါက လက်ညှိုးတော်နဲ့ ရေးထားတဲ့ ကျောက်ပြားနှစ်ချပ်ကို ပေးတယ်။ ခင်ဗျားတို့ စုဝေးတဲ့နေ့တုန်းက တောင်ပေါ်မှာ မီးထဲကနေ ယေဟောဝါပြောခဲ့တဲ့ စကားအားလုံးကို အဲဒီကျောက်ပြားတွေပေါ် ရေးထားတယ်။+ ၁၁ ရက်ပေါင်း ၄၀ ပြည့်တဲ့အခါ ယေဟောဝါက ပဋိညာဉ်ကျောက်ပြား နှစ်ချပ်ကို ပေးတယ်။ ၁၂ ပြီးတော့ ယေဟောဝါက ကျွန်တော့်ကို ‘အခုချက်ချင်း တောင်အောက်ကို ဆင်းပါ။ အီဂျစ်ပြည်ကနေ မင်းခေါ်ထုတ်လာတဲ့လူတွေ ဖောက်ပြန်ကုန်ပြီ။+ ငါမိန့်မှာထားတဲ့ လမ်းစဉ်ကနေ လွဲသွားတာ မြန်လိုက်တာ။ သူတို့ ရုပ်တုသွန်းလုပ်ကြပြီ’+ ဆိုပြီး ပြောတယ်။ ၁၃ ယေဟောဝါက ‘ဒီလူတွေ တော်တော်ခေါင်းမာတာ ငါသိပြီ။+ ၁၄ သူတို့အားလုံးကို ဖျက်ဆီးမယ်။ သူတို့နာမည်ကို မြေကြီးပေါ်မှာ မကျန်ရစ်အောင် ဖျက်ပစ်မယ်။ ငါ့ကို မတားနဲ့။ မင်းကိုတော့ လူဦးရေပိုများပြီး ပိုအင်အားကြီးတဲ့လူမျိုး ဖြစ်စေမယ်’ လို့ပြောတယ်။+
၁၅ “ကျွန်တော်လည်း တောင်ပေါ် မီးလောင်နေချိန်မှာ+ ပဋိညာဉ်ကျောက်ပြား နှစ်ချပ်ကို ကိုင်ပြီး+ တောင်ပေါ်ကနေ ဆင်းလာတော့၊ ၁၆ ခင်ဗျားတို့ နွားရုပ်သွန်းလုပ်ပြီး ယေဟောဝါဘုရားကို ပြစ်မှားနေတာ မြင်လိုက်ရတယ်။ ယေဟောဝါ မိန့်မှာထားတဲ့ လမ်းစဉ်ကနေ ခင်ဗျားတို့ ချက်ချင်းပဲ လမ်းလွဲသွားကြတယ်။+ ၁၇ ဒါနဲ့ ကျွန်တော် ကိုင်ထားတဲ့ ကျောက်ပြားနှစ်ချပ်ကို ခင်ဗျားတို့ရှေ့မှာ ပစ်ချလိုက်တာ ကွဲကြေကုန်တယ်။+ ၁၈ ယေဟောဝါရှေ့မှာ မကောင်းတာတွေ လုပ်ပြီး ဘုရားစိတ်ဆိုးအောင် လုပ်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ အပြစ်ကြောင့် ကျွန်တော်ဟာ အရင်ကလိုပဲ ရက်ပေါင်း ၄၀ လုံး မစားမသောက်ဘဲ+ ယေဟောဝါရှေ့မှာ ပျပ်ဝပ်နေခဲ့ရတယ်။ ၁၉ ယေဟောဝါက အကြီးအကျယ် ဒေါသထွက်ပြီး+ ခင်ဗျားတို့အားလုံးကို ဖျက်ဆီးမယ်လုပ်နေလို့ ကျွန်တော် ကြောက်နေတာ။ ဒါပေမဲ့ ဒီတစ်ခါလည်း ကျွန်တော် အသနားခံတာကို ယေဟောဝါ နားထောင်ပေးခဲ့တယ်။+
၂၀ “ယေဟောဝါဘုရားက အာရုန်ကို စိတ်ဆိုးလွန်းလို့ ဖျက်ဆီးတော့မလို့ပဲ။+ အဲဒီအချိန်မှာ အာရုန်အတွက်လည်း ကျွန်တော် အသနားခံပေးခဲ့တယ်။ ၂၁ အဲဒီနောက် ခင်ဗျားတို့ အပြစ်ကျူးလွန်ပြီး လုပ်ခဲ့တဲ့ နွားရုပ်ကိုယူ၊+ မီးရှို့ ပြီး အမှုန့်ကြိတ်ပစ်တယ်။ အဲဒီအမှုန့်တွေကို တောင်ကျချောင်းထဲ ကြဲချလိုက်တယ်။+
၂၂ “အဲဒီအပြင် တဗေရအရပ်၊+ မာဆာအရပ်၊+ ကိဗြုတ်ဟတဝါအရပ်မှာလည်း+ ယေဟောဝါ ဒေါသထွက်အောင် ခင်ဗျားတို့ လုပ်ခဲ့ကြတယ်။ ၂၃ ကာဒေရှဗာနာအရပ်မှာ+ ယေဟောဝါဘုရားက ‘ငါပေးမယ့်ပြည်ကို တက်သွားပြီး သိမ်းပိုက်ကြ’ လို့ ခိုင်းတော့လည်း ခင်ဗျားတို့ ယေဟောဝါဘုရားရဲ့ အမိန့်ကို လွန်ဆန်ကြပြန်တယ်။+ ဘုရားသခင်ကို မယုံကြည်ကြဘူး၊+ မနာခံခဲ့ကြဘူး။ ၂၄ ကျွန်တော်နဲ့ သိကျွမ်းခဲ့ချိန်ကတည်းက ခင်ဗျားတို့ဟာ ယေဟောဝါဘုရားကို ပုန်ကန်ခဲ့ကြတာပဲ။
၂၅ “ဒါကြောင့် ကျွန်တော်လည်း ယေဟောဝါဘုရားရှေ့မှာ ရက်ပေါင်း ၄၀ လုံး ပျပ်ဝပ်နေခဲ့တယ်။+ ခင်ဗျားတို့အားလုံးကို ဖျက်ဆီးမယ်ဆိုပြီး ယေဟောဝါ ပြောနေလို့ အဲဒီလို ပျပ်ဝပ်နေခဲ့တာ။ ၂၆ ပြီးတော့ ကျွန်တော်က ယေဟောဝါဘုရားကို ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ လူမျိုးတော်ကို မဖျက်ဆီးလိုက်ပါနဲ့။ သူတို့ဟာ ကိုယ်တော်တစ်ပါးတည်း ပိုင်ဆိုင်တဲ့သူတွေ၊+ တန်ခိုးတော်နဲ့ ရွေးယူထားသူတွေ၊ အားကြီးတဲ့လက်နဲ့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့သူတွေပါ။+ ၂၇ ကိုယ်တော့်ကျွန် အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို+ သတိရလှည့်ပါ။ ဒီလူတွေ ခေါင်းမာတာ၊ ဆိုးညစ်တာ၊ အပြစ်လုပ်တာတွေကို အာရုံမစိုက်ပါနဲ့။+ ၂၈ ကျွန်တော်တို့ကို ကိုယ်တော် ခေါ်ထုတ်လာတဲ့ပြည်ရဲ့ ပြည်သားတွေက “ယေဟောဝါက ကိုယ်ကတိပေးခဲ့တဲ့ပြည်ထဲ မပို့ဆောင်နိုင်တော့လို့၊ သူတို့ကိုမုန်းလို့ တောကန္တာရထဲ ခေါ်လာပြီး ကွပ်မျက်လိုက်တာ”+ ဆိုပြီး ပြောနေပါဦးမယ်။ ၂၉ သူတို့ဟာ ကိုယ်တော်တစ်ပါးတည်း ပိုင်ဆိုင်တဲ့လူမျိုး၊+ ကြီးမားတဲ့တန်ခိုး၊ တန်ခိုးကြီးတဲ့လက်ရုံးနဲ့ ခေါ်ထုတ်လာခဲ့သူတွေပါ’+ ဆိုပြီး အသနားခံခဲ့တယ်။