ဆာလံ
ချီတက်သီချင်း။
၁၂၈ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး+
ကိုယ်တော်ရဲ့ လမ်းစဉ်တွေအတိုင်း လျှောက်လှမ်းသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၂ ကြိုးစားပမ်းစား လုပ်ခဲ့တာတွေကို စားသုံးရလိမ့်မယ်။
ပျော်ရွှင်ပြီး ကောင်းစားလိမ့်မယ်။+
၃ အိမ်သူဇနီးဟာ အသီးသီးတဲ့စပျစ်ပင်နဲ့ တူလိမ့်မယ်။+
စားပွဲပတ်လည်မှာရှိတဲ့ သားတွေဟာ သံလွင်အညွန့်တွေနဲ့ တူလိမ့်မယ်။
၅ ဇိအုန်ကနေ မင်းကို ယေဟောဝါ ကောင်းချီးပေးလိမ့်မယ်။
ဂျေရုဆလင် စည်ပင်သာယာနေတာကို တစ်သက်လုံး မင်းမြင်ရပါစေ။+
၆ သားမြေးတွေကို မင်းမြင်ရပါစေ။
အစ္စရေးအပေါ် ငြိမ်သက်ခြင်း သက်ရောက်ပါစေ။