ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၃၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • မြင့်မားတဲ့သစ်ကတိုးပင် အီဂျစ် ပြိုလဲ(၁-၁၈)

ယေဇကျေလ ၃၁:၂

ကျမ်းညွှန်းများ

  • +ယေ ၄၆:၂; ယဇ ၂၉:၂

ယေဇကျေလ ၃၁:၈

အောက်ခြေမှတ်ချက်များ

  • *

    အကိုင်းအခက်ဖြာပြီး အခေါက်ကွာတတ်တဲ့ အပင်ကြီးတစ်မျိုး။

ကျမ်းညွှန်းများ

  • +က ၂:၈; ယဇ ၂၈:၁၂၊ ၁၃

ယေဇကျေလ ၃၁:၁၁

ကျမ်းညွှန်းများ

  • +ယဇ ၃၀:၁၀၊ ၁၁; ဟဗ ၁:၆

ယေဇကျေလ ၃၁:၁၂

ကျမ်းညွှန်းများ

  • +ယဇ ၃၂:၅၊ ၆

ယေဇကျေလ ၃၁:၁၃

ကျမ်းညွှန်းများ

  • +ယဇ ၂၉:၅; ၃၂:၄

ယေဇကျေလ ၃၁:၁၆

ကျမ်းညွှန်းများ

  • +ယဇ ၃၁:၉

ယေဇကျေလ ၃၁:၁၇

ကျမ်းညွှန်းများ

  • +ယဇ ၃၂:၁၈၊ ၂၀
  • +ယဇ ၃၀:၆; ၃၂:၃၁

ယေဇကျေလ ၃၁:၁၈

ကျမ်းညွှန်းများ

  • +ယဇ ၃၁:၉; ၃၂:၁၉

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၃၁:၂ယေ ၄၆:၂; ယဇ ၂၉:၂
ယေဇ. ၃၁:၈က ၂:၈; ယဇ ၂၈:၁၂၊ ၁၃
ယေဇ. ၃၁:၁၁ယဇ ၃၀:၁၀၊ ၁၁; ဟဗ ၁:၆
ယေဇ. ၃၁:၁၂ယဇ ၃၂:၅၊ ၆
ယေဇ. ၃၁:၁၃ယဇ ၂၉:၅; ၃၂:၄
ယေဇ. ၃၁:၁၆ယဇ ၃၁:၉
ယေဇ. ၃၁:၁၇ယဇ ၃၂:၁၈၊ ၂၀
ယေဇ. ၃၁:၁၇ယဇ ၃၀:၆; ၃၂:၃၁
ယေဇ. ၃၁:၁၈ယဇ ၃၁:၉; ၃၂:၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၃၁:၁-၁၈

ယေဇကျေလ

၃၁ ဆယ့်တစ်နှစ်မြောက်၊ သုံးလပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ အီဂျစ်ဘုရင်ဖာရောနဲ့ သူ့လူစုကြီးကို ပြောလိုက်ပါ–+

“‘မင်းလောက် ဘယ်သူ ကြီးမြတ်လို့လဲ။

 ၃ မင်းဟာ အဆီးရီးယားလူနဲ့ တူတယ်။ လက်ဘနွန်က သစ်ကတိုးပင်လိုပဲ။

အကိုင်းအခက်တွေ ဝေဆာတယ်။

အရိပ်ကောင်းပြီး မိုးထိအောင် မြင့်မားတယ်။

 ၄ အပင်ဟာ ရေဝပြီး ကြီးထွားလာတယ်။ နက်ရှိုင်းတဲ့စမ်းရေကြောင့် မြင့်မားလာတယ်။

သူ့ပတ်လည်မှာ စမ်းချောင်းတွေရှိတယ်။

သစ်တောထဲက အပင်တွေလည်း ရေမြောင်းတွေကနေ ရေရတယ်။

 ၅ ဒါကြောင့် အဲဒီအပင်က တခြားအပင်တွေထက် မြင့်မားလာတယ်။

“‘စမ်းချောင်းတွေကနေ ရေအလျှံပယ်ရတဲ့အတွက်

အကိုင်းတွေ ပွားပြီး အခက်အလက်တွေ ရှည်လာတယ်။

 ၆ အဲဒီအပင်ရဲ့ အကိုင်းတွေကြားမှာ မိုးကောင်းကင်ငှက်တွေ အသိုက်ဆောက်ကြတယ်။

အပင်အောက်မှာ သားရဲတွေ သားပေါက်ကြတယ်။

အပင်ရိပ်မှာ လူမျိုးကြီး နားခိုကြတယ်။

 ၇ ရေများတဲ့နေရာဆီ အမြစ်ဖြာသွားတဲ့အတွက်

အပင်ဟာ လှပတင့်တယ်ပြီး အခက်အလက် ရှည်ထွက်လာတယ်။

 ၈ ဘုရားသခင်ရဲ့ ဥယျာဉ်မှာရှိတဲ့+ သစ်ကတိုးတစ်ပင်မှ သူ့ကို မယှဉ်နိုင်ဘူး။

ဂျူနီပါထင်းရှူးတစ်ပင်မှ သူ့လို အကိုင်းတွေ မရှိဘူး။

ပိုးစာတစ်ပင်မှ* သူ့အခက်အလက်တွေကို မယှဉ်နိုင်ဘူး။

ဘုရားသခင်ရဲ့ ဥယျာဉ်မှာရှိတဲ့ အပင်တစ်ပင်မှ သူ့အလှကို မမီဘူး။

 ၉ ငါက အဲဒီအပင်ကို အရွက်ဝေဆာပြီး လှပတင့်တယ်စေတယ်။

စစ်မှန်တဲ့ဘုရားသခင်ရဲ့ ဧဒင်ဥယျာဉ်မှာရှိတဲ့ တခြားအပင်တွေတောင် မနာလိုဖြစ်ကြတယ်။’

၁၀ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘အဲဒီအပင်ဟာ မိုးထိအောင် မြင့်မားလာတယ်။ အဲဒီလိုမြင့်မားလာတော့ မောက်မာလာတယ်။ ၁၁ ဒါကြောင့် အဲဒီအပင်ကို လူမျိုးခြားတွေရဲ့ တန်ခိုးကြီးဘုရင်လက်ထဲ ငါအပ်မှာဖြစ်လို့+ အပင်ကို သူပြစ်ဒဏ်စီရင်လိမ့်မယ်။ ဆိုးညစ်တဲ့ အဲဒီအပင်ကို ငါငြင်းပယ်မယ်။ ၁၂ အရက်စက်ဆုံး လူမျိုးခြားတွေက အဲဒီအပင်ကို ခုတ်ပြီး တောင်တန်းတွေပေါ် ပစ်ထားလိမ့်မယ်။ ချိုင့်ဝှမ်းတွေထဲ အရွက်တွေ ကြွေကျသွားလိမ့်မယ်။ အခက်အလက်တွေလည်း စမ်းချောင်းတွေထဲ ကျိုးကျနေလိမ့်မယ်။+ သူ့အရိပ်ခိုသူအားလုံး သူ့ကို စွန့်ခွာသွားလိမ့်မယ်။ ၁၃ လဲကျနေတဲ့ ပင်စည်ပေါ် မိုးကောင်းကင်ငှက်တွေ လာနားပြီး အခက်အလက်တွေမှာ သားရဲတွေ လာခိုကြလိမ့်မယ်။+ ၁၄ အဲဒီလိုဖြစ်ရတာဟာ ရေစပ်မှာရှိတဲ့ တခြားအပင်တွေလည်း မိုးထိအောင် မမြင့်မားစေဖို့၊ ရေဝနေတဲ့ အပင်တွေလည်း မိုးထိအောင် ထိုးထွက်မလာစေဖို့ပဲ။ သူတို့က သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ သေရလိမ့်မယ်၊ အောက်အရပ်မှာရှိတဲ့ ပြည်ဆီ ဆင်းသွားရလိမ့်မယ်။’

၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အဲဒီအပင် သင်္ချိုင်းထဲ ဆင်းသွားတဲ့နေ့မှာ လူတွေကို ငါညည်းတွားငိုကြွေးစေမယ်။ နက်ရှိုင်းတဲ့ရေထုကို ပိတ်ဆို့ပြီး စမ်းချောင်းတွေကို တားလိုက်တဲ့အတွက် ရေတွေတန့်သွားလိမ့်မယ်။ အဲဒီအပင်ကြောင့် လက်ဘနွန်ပြည်ကို ငါမှောင်မိုက်စေမယ်။ အပင်အားလုံး ညှိုးနွမ်းသွားလိမ့်မယ်။ ၁၆ အဲဒီအပင်ကို သေတွင်းထဲဆင်းတော့မယ့် လူတွေနဲ့အတူ သင်္ချိုင်းထဲ ဆင်းခိုင်းတဲ့အခါ အပင်ပြိုလဲသံကြောင့် လူမျိုးတွေ တုန်လှုပ်သွားလိမ့်မယ်။ ဧဒင်မှာရှိတဲ့အပင်တွေ၊+ လက်ဘနွန်မှာရှိတဲ့ အကောင်းဆုံးအပင်တွေ၊ ရေဝနေတဲ့အပင်တွေက အောက်အရပ်မှာရှိတဲ့ ပြည်မှာ စိတ်သက်သာရာရလိမ့်မယ်။ ၁၇ သူတို့က အဲဒီအပင်နဲ့အတူ သင်္ချိုင်းဆီ၊ ဓားနဲ့ကွပ်မျက်ခံရသူတွေဆီ၊+ လူမျိုးတွေအလယ် သူ့အရိပ်ခိုပြီး သူ့ကိုထောက်ခံသူတွေဆီ ဆင်းသွားကြတယ်။’+

၁၈ “‘ဧဒင်မှာရှိတဲ့ ဘယ်အပင်က မင်းလို ဂုဏ်ကျက်သရေရှိပြီး ကြီးမြတ်လို့လဲ။+ ဒါပေမဲ့ မင်းဟာ ဧဒင်မှာရှိတဲ့ အပင်တွေနဲ့အတူ အောက်အရပ်မှာရှိတဲ့ ပြည်ဆီ ဆင်းသွားရလိမ့်မယ်။ ဓားနဲ့ကွပ်မျက်ခံရသူတွေ၊ အရေဖျားမဖြတ်သူတွေနဲ့အတူ လဲလျောင်းရလိမ့်မယ်။ ဖာရောနဲ့ သူ့လူစုကြီးဟာ ဒါကို ကြုံရလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ