ဆာလံ
ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ငါချီးမွမ်းပါရစေ။+
၂ ယေဟောဝါကို အသက်ထက်ဆုံး ချီးမွမ်းမယ်။
အသက်ရှင်နေသရွေ့ ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုမယ်။
၄ သူဟာ အသက်* ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။+
အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။+
၅ ယာကုပ်ရဲ့ ဘုရားသခင်ကို အကူအညီတောင်းတဲ့သူ၊+
ယေဟောဝါကို မျှော်လင့်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
အမြဲ သစ္စာရှိတဲ့အရှင်ပဲ။+
၇ လိမ်လည်လှည့်စားခံရသူတွေကို တရားသဖြင့် စီရင်ပေးတဲ့အရှင်၊
ဆာလောင်နေသူတွေကို အစာရေစာ ပေးသနားတဲ့အရှင်ပဲ။+
ယေဟောဝါက အကျဉ်းသားတွေကို လွတ်မြောက်စေတယ်။+
၈ မျက်မမြင်တွေရဲ့ မျက်စိကို ယေဟောဝါ ဖွင့်ပေးတယ်။+
ခေါင်းမမော်နိုင်သူတွေကို ယေဟောဝါ ထူမပေးတယ်။+
ဖြောင့်မတ်သူတွေကို ယေဟောဝါ ချစ်မြတ်နိုးတယ်။
၉ ယေဟောဝါက တိုင်းတစ်ပါးသားတွေကို ကာကွယ်တယ်။
ဖတဆိုးတွေ၊ မုဆိုးမတွေကို ထောက်မတယ်။+
လူဆိုးတွေရဲ့ အစီအစဉ်တွေကိုတော့ ပျက်ပြားစေတယ်။+
အို ဇိအုန်၊ မင်းရဲ့ဘုရားသခင်ဟာ လူမျိုးအစဉ်အဆက် ဘုရင်ပဲ။
ယေဟောဝါကို ချီးမွမ်းကြ။*