နေဟမိ
၃ ပုရောဟိတ်မင်း ဧလျာရှိပ်နဲ့+ သူ့ညီအစ်ကို ပုရောဟိတ်တွေက သိုးတံခါးကို+ စပြီး တည်ဆောက်ကြတယ်။ အဲဒါကို ဆက်ကပ်ပြီး+ တံခါးရွက်တွေ တပ်တယ်။ သိုးတံခါးကနေ မေအာမျှော်စင်အထိ၊+ ဟာနနေလမျှော်စင်အထိ တည်ဆောက်ပြီး ဆက်ကပ်ကြတယ်။+ ၂ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ယေရိခေါမြို့သားတွေ+ တည်ဆောက်ကြတယ်။ နောက်တစ်ပိုင်းကို အိမရိရဲ့သား ဇက္ကုရက တည်ဆောက်တယ်။
၃ ဟေသနာရဲ့ သားမြေးတွေက ငါးတံခါးကို တည်ဆောက်တယ်။+ တံခါးဘောင်ကို ဆင်ပြီးတဲ့နောက်+ တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ၄ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟက္ကုတ်ရဲ့မြေး၊ ဥရိယရဲ့သား မေရမုတ်က+ ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို မေရှဇဗေလရဲ့မြေး၊ ဗေရခိရဲ့သား မေရှုလံက+ ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဗာနရဲ့သား ဇာဒုတ်က ပြုပြင်တယ်။ ၅ အဲဒီကနေ နောက်တစ်ပိုင်းကို တေကောမြို့သားတွေက+ ပြုပြင်ကြတယ်။ ဒါပေမဲ့ သူတို့ထဲက အထင်ကရပုဂ္ဂိုလ်တွေဟာ ခေါင်းဆောင်တွေခိုင်းတာကို မလုပ်ချင်ကြဘူး။
၆ ပါသာရဲ့သား ယောယဒနဲ့ ဗေသောဒေယရဲ့သား မေရှုလံတို့က မြို့ဟောင်းတံခါးကို ပြုပြင်တယ်။+ တံခါးဘောင်ကို ဆင်ပြီးတဲ့နောက် တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ၇ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဂိဗောင်မြို့သား+ မေလတိနဲ့ မေရောနုတ်အရပ်သား ယာဒုန်တို့က ပြုပြင်တယ်။ ဂိဗောင်မြို့သားတွေနဲ့ မိဇပါမြို့သားတွေဟာ+ မြစ်ကြီး*+ တစ်ဖက်ကမ်းမှာရှိတဲ့ ဘုရင်ခံရဲ့လက်အောက်မှာ ရှိတယ်။ ၈ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟာဟာယရဲ့သား ရွှေပန်းထိမ်သမား သြဇေလက ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဆီမွှေးဖော်စပ်သူ ဟာနနိက ပြုပြင်တယ်။ သူတို့က မြို့ရိုးကျယ်အထိ ကျောက်ပြားခင်းတယ်။+ ၉ အဲဒီကနေ နောက်တစ်ပိုင်းကို ဟုရရဲ့သား၊ ဂျေရုဆလင်ခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ရေဖာယက ပြုပြင်တယ်။ ၁၀ ဟာရုမပ်ရဲ့သား ယေဒါယက သူ့အိမ်ရှေ့က မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။ အဲဒီကနေ နောက်တစ်ပိုင်းကို ဟာရှဗနိရဲ့သား ဟတ္တုတ်က ပြုပြင်တယ်။
၁၁ မြို့ရိုးနောက်တစ်ပိုင်းနဲ့ မုန့်ဖိုမျှော်စင်ကို+ ဟာရိမ်ရဲ့သား+ မာလခိယနဲ့ ပါဟတ်မောဘရဲ့သား+ ဟာရှုပ်တို့က ပြုပြင်တယ်။ ၁၂ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ဟာလောဟတ်ရဲ့သား၊ ဂျေရုဆလင်ခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ရှလုံက ပြုပြင်တယ်။ သူ့သမီးတွေ ဝိုင်းကူကြတယ်။
၁၃ ဟာနုန်နဲ့ ဇာနောမြို့သားတွေက+ ချိုင့်ဝှမ်းတံခါးကို ပြုပြင်တယ်။+ တံခါးကိုတည်ဆောက်ပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ပြာပုံတံခါးအထိ မြို့ရိုးအတောင် ၁,၀၀၀*ကို ပြုပြင်ကြတယ်။+ ၁၄ ရေခပ်ရဲ့သား၊ ဗေသကရင်ခရိုင်ကို+ အုပ်ချုပ်ရတဲ့ မာလခိယက ပြာပုံတံခါးကို ပြုပြင်တယ်။ တံခါးကို တည်ဆောက်ပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။
၁၅ ကောလဟောဇရဲ့သား၊ မိဇပါခရိုင်ကို+ အုပ်ချုပ်ရတဲ့ ရှာလုန်က စမ်းရေတွင်းတံခါးကို+ ပြုပြင်တယ်။ တံခါးကို တည်ဆောက်၊ အမိုး,မိုးပြီး တံခါးရွက်တွေ၊ မင်းတုပ်တွေ၊ ကန့်လန့်ကျင်တွေ တပ်ဆင်တယ်။ ဘုရင့်ဥယျာဉ်နားက+ တူးမြောင်းကန်မြို့ရိုးကို+ ဒါဝိဒ်မြို့ကနေ+ ဆင်းသွားတဲ့ လှေကားအထိ+ ပြုပြင်တယ်။
၁၆ အာဇဗုတ်ရဲ့သား၊ ဗက်ဇုရခရိုင်တစ်ဝက်ကို+ အုပ်ချုပ်ရတဲ့ နေဟမိက ဒါဝိဒ်သင်္ချိုင်းရှေ့ကနေ+ တူးထားတဲ့ရေကန်အထိ၊+ စစ်သူရဲတွေရဲ့အိမ်အထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။
၁၇ လေဝိအမျိုးသားတွေထဲမှာ ဗာနိရဲ့သား ရေဟုံက ဦးစီးပြီး မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ကိလာခရိုင်တစ်ဝက်ကို+ အုပ်ချုပ်ရတဲ့ ဟာရှဘိက မိမိခရိုင်ရဲ့တာဝန်ဖြစ်တဲ့ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ၁၈ အဲဒီကနေ နောက်တစ်ပိုင်းကို ဟေနဒဒ်ရဲ့သား၊ ကိလာခရိုင်တစ်ဝက်ကို အုပ်ချုပ်ရတဲ့ ဗာဝဲက ဦးစီးပြီးပြုပြင်တယ်။
၁၉ ယေရွှာရဲ့သား၊+ မိဇပါခရိုင်ကို အုပ်ချုပ်ရတဲ့ ဧဇာက ပြအိုးနားမှာရှိတဲ့ လက်နက်တိုက်ရှိရာကုန်းရဲ့ ရှေ့နားက မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။+
၂၀ ဇဗဲရဲ့သား+ ဗာရုတ်က ပြအိုးနားကနေ ပုရောဟိတ်မင်း ဧလျာရှိပ်ရဲ့+ အိမ်ပေါက်ဝအထိ မြို့ရိုးနောက်တစ်ပိုင်းကို အားကြိုးမာန်တက် ပြုပြင်တယ်။
၂၁ ဟက္ကုတ်ရဲ့မြေး၊ ဥရိယရဲ့သား မေရမုတ်က+ ဧလျာရှိပ်ရဲ့အိမ်ပေါက်ဝကနေ အိမ်ထောင့်စွန်းအထိ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။
၂၂ ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ*+ နေထိုင်တဲ့ ပုရောဟိတ်တွေက မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။ ၂၃ ဗင်ယာမိန်နဲ့ ဟာရှုပ်က သူတို့အိမ်ရှေ့နားက အပိုင်းကို ပြုပြင်တယ်။ အာနနိယရဲ့မြေး၊ မာသေယရဲ့သား အာဇရိက သူ့အိမ်နားက မြို့ရိုးတစ်ပိုင်းကို ပြုပြင်တယ်။ ၂၄ အဲဒီကနေ နောက်တစ်ပိုင်းကို ဟေနဒဒ်ရဲ့သား ဗိနွိက အာဇရိရဲ့အိမ်ကနေ ပြအိုးအထိ၊+ မြို့ရိုးထောင့်အထိ ပြုပြင်တယ်။
၂၅ ဥဇရဲ့သားပါလက ပြအိုးရှေ့မှာရှိတဲ့ မြို့ရိုးနောက်တစ်ပိုင်းနဲ့ အစောင့်ရင်ပြင်နားမှာရှိတဲ့+ အထက်မျှော်စင်ကို ပြုပြင်တယ်။ အဲဒီမျှော်စင်က နန်းတော်အပြင်ဘက်ကို ထွက်နေတယ်။+ အဲဒီကနေ နောက်တစ်ပိုင်းကို ပါရုတ်ရဲ့သား+ ပေဒါယက ပြုပြင်တယ်။
၂၆ သြဖေလအရပ်မှာနေထိုင်တဲ့+ ဗိမာန်တော်ကျွန်တွေက*+ အရှေ့ဘက် ရေတံခါးရှေ့နားအထိ၊+ အစွန်းထွက်နေတဲ့ မျှော်စင်အထိ ပြုပြင်တယ်။
၂၇ တေကောမြို့သားတွေက+ အစွန်းထွက်နေတဲ့မျှော်စင် အရှေ့ကနေ သြဖေလမြို့ရိုးအထိ နောက်တစ်ပိုင်းကို ပြုပြင်တယ်။
၂၈ ပုရောဟိတ်တွေက မြင်းတံခါးကနေစပြီး+ ကိုယ့်အိမ်ရှေ့မှာရှိတဲ့ မြို့ရိုးကို အသီးသီး ပြုပြင်ကြတယ်။
၂၉ အိမေရရဲ့သား ဇာဒုတ်က+ ကိုယ့်အိမ်ရှေ့မှာရှိတဲ့ မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။
အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ရှေကနိရဲ့သား အရှေ့တံခါးမှူး+ ရှေမာယက ပြုပြင်တယ်။
၃၀ ရှေလမိရဲ့သား ဟာနနိနဲ့ ဇာလပ်ရဲ့ ခြောက်ယောက်မြောက်သား ဟာနုန်က မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။
ဗေရခိရဲ့သား မေရှုလံက+ ကိုယ့်အိမ်ခန်းရဲ့ ရှေ့နားက မြို့ရိုးနောက်တစ်ပိုင်းကို ပြုပြင်တယ်။
၃၁ အဲဒီကနေ မြို့ရိုးနောက်တစ်ပိုင်းကို ရွှေပန်းထိမ်အသင်းဝင် မာလခိယက စစ်ဆေးရေး တံခါးနားမှာရှိတဲ့ ဗိမာန်တော်ကျွန်တွေနဲ့+ ကုန်သည်တွေရဲ့ အိမ်အထိ၊ မြို့ရိုးထောင့် အထက်ခန်းအထိ ပြုပြင်တယ်။
၃၂ မြို့ရိုးထောင့် အထက်ခန်းနဲ့ သိုးတံခါးကြားက+ မြို့ရိုးတစ်ပိုင်းကို ရွှေပန်းထိမ်သမားတွေနဲ့ ကုန်သည်တွေပြုပြင်တယ်။