တရားဟောရာ
၄ “အစ္စရေးတို့၊ ကျွန်တော် သွန်သင်ပေးနေတဲ့ စည်းမျဉ်းတွေနဲ့ တရားစီရင်ချက်တွေကို နားထောင်ပါ။ ဒါမှ ခင်ဗျားတို့ အသက်ဆက်ရှင်ပြီး+ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါ ပေးမယ့်ပြည်ကို ဝင်ရောက်သိမ်းပိုက်နိုင်မယ်။ ၂ ကျွန်တော် မှာကြားနေတဲ့ ဒီစကားတွေကို ထပ်မဖြည့်ပါနဲ့။ မနုတ်ပယ်ပါနဲ့။+ ကျွန်တော် မှာကြားနေတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို လိုက်နာကြပါ။
၃ “ဗာလပေဂုရဘုရားကို ခင်ဗျားတို့ဝတ်ပြုတုန်းက ယေဟောဝါဘုရား ဘာလုပ်ခဲ့မှန်း ကိုယ်တိုင် မြင်ခဲ့ကြတာပဲ။ ဗာလပေဂုရနောက် လိုက်သူတိုင်းကို ယေဟောဝါဘုရား ဖျက်ဆီးခဲ့တယ်။+ ၄ ယေဟောဝါဘုရားကိုပဲ တွယ်တာနေတဲ့ ခင်ဗျားတို့ကတော့ ဒီနေ့အထိ အသက်ရှင်နေတယ်။ ၅ ယေဟောဝါဘုရား မိန့်မှာတဲ့ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေကို+ ကျွန်တော် သွန်သင်ပေးခဲ့ပြီ။ ခင်ဗျားတို့ သိမ်းပိုက်မယ့်ပြည်မှာ အဲဒီအတိုင်း လိုက်နာကြပါ။ ၆ ဂရုတစိုက် စောင့်ထိန်းကြပါ။+ ဒါဆိုရင် အဲဒီစည်းမျဉ်းတွေအကြောင်း ကြားတဲ့သူတိုင်းက ခင်ဗျားတို့ရဲ့ ဉာဏ်ပညာနဲ့+ သိနားလည်နိုင်စွမ်းကို+ သိမြင်လာမယ်။ ‘တကယ့်ကို ပညာရှိပြီး သိနားလည်နိုင်စွမ်းရှိတဲ့ လူမျိုးကြီးပါလား’+ ဆိုပြီး ပြောကြမယ်။ ၇ ယေဟောဝါဘုရားက ကျွန်တော်တို့ ဆုတောင်းတဲ့အခါတိုင်း အနီးအနားမှာ ရှိတယ်။ ဒီလိုဘုရားမျိုး ဘယ်လူမျိုးတွေမှာ ရှိလို့လဲ။+ ၈ ဒီနေ့ ကျွန်တော် သွန်သင်ပေးတဲ့ ဒီပညတ်တရားလို မှန်ကန်တဲ့ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေ ဘယ်လူမျိုးကြီးဆီမှာ ရှိလို့လဲ။+
၉ “ဒါကြောင့် ကိုယ်တိုင်မြင်ခဲ့တာတွေကို တစ်သက်လုံး မမေ့ဖို့၊ စိတ်ထဲမှာ မပျောက်ပျက်သွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ သတိထားကြပါ။ သားမြေးတွေကိုလည်း ပြောပြကြပါ။+ ၁၀ ဟောရပ်အရပ်မှာ ယေဟောဝါဘုရားရှေ့ ခင်ဗျားတို့ ရပ်ခဲ့တဲ့နေ့တုန်းက ‘ငါ့စကားတွေကို ကြားနာနိုင်အောင်+ လူတွေကို စုရုံးပါ။ ဒါမှ သူတို့ အသက်ရှင်နေသရွေ့ ငါ့ကို ကြောက်ရွံ့ရိုသေလာမယ်။+ သားမြေးတွေကိုလည်း သင်ပေးနိုင်မယ်’+ ဆိုပြီး ကျွန်တော့်ကို ယေဟောဝါ ပြောခဲ့တယ်။
၁၁ “ဒါနဲ့ တောင်ခြေနားမှာ ခင်ဗျားတို့ လာရပ်ကြတယ်။ အဲဒီအချိန် တောင်ပေါ်မှာ မီးလောင်နေပြီး မီးတောက်မီးလျှံတွေ မိုးပေါ် တက်နေတယ်။ မည်းမှောင်နေတဲ့ တိမ်ထုကြီး ဖုံးလွှမ်းနေတယ်။+ ၁၂ ယေဟောဝါဘုရားက မီးထဲကနေ စကားပြောတဲ့အခါ+ စကားသံကို+ ခင်ဗျားတို့ ကြားရပေမဲ့ ပုံသဏ္ဌာန်ကိုတော့ မမြင်ခဲ့ရဘူး။+ ၁၃ ခင်ဗျားတို့ လိုက်နာရမယ့် ပဋိညာဉ်ဖြစ်တဲ့+ ပညတ်တော်ဆယ်ပါးကို+ ဘုရား မိန့်မှာပြီး ကျောက်ပြားနှစ်ချပ်ပေါ်မှာ ရေးပေးခဲ့တယ်။+ ၁၄ ခင်ဗျားတို့ကို သွန်သင်ပေးရမယ့် စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေအကြောင်း ကျွန်တော့်ကို ယေဟောဝါဘုရား မိန့်မှာခဲ့တယ်။ ခင်ဗျားတို့ ဝင်ရောက်သိမ်းပိုက်မယ့်ပြည်မှာ အဲဒီအတိုင်းပဲ လိုက်နာရမယ်။
၁၅ “ဟောရပ်အရပ်မှာ မီးထဲကနေ ယေဟောဝါဘုရား စကားပြောတဲ့နေ့တုန်းက ဘုရားရဲ့ပုံသဏ္ဌာန်ကို ခင်ဗျားတို့ မမြင်ခဲ့ရဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားကြ– ၁၆ အရာတစ်ခုခုနဲ့တူတဲ့ ရုပ်တုတွေ ထုလုပ်ပြီး မဖောက်ပြန်ကြနဲ့။ ယောက်ျားပုံ၊ မိန်းမပုံ၊+ ၁၇ မြေတိရစ္ဆာန်တစ်မျိုးမျိုးရဲ့ပုံ၊ မိုးကောင်းကင်မှာ ပျံသန်းတဲ့ ငှက်တစ်မျိုးမျိုးရဲ့ပုံ၊+ ၁၈ တွားသွားသတ္တဝါတစ်မျိုးမျိုးရဲ့ပုံ၊ မြေကြီးအောက် ရေထဲက ငါးတစ်မျိုးမျိုးရဲ့ပုံတွေကို မထုလုပ်ကြနဲ့။+ ၁၉ ကောင်းကင်ကို မော့ကြည့်လို့ နေ၊ လ၊ ကြယ်အစရှိတဲ့ ကောင်းကင်ပေါ်ကအရာတွေကို မြင်တဲ့အခါ သွေးဆောင်ခံရပြီး ဦးချရှိခိုးတာ၊ ဝတ်ပြုတာမျိုး မလုပ်ကြနဲ့။+ အဲဒါတွေဟာ ကောင်းကင်အောက်မှာရှိတဲ့ လူအားလုံးအတွက် ယေဟောဝါဘုရား ပေးထားတာတွေပဲ။ ၂၀ ခင်ဗျားတို့ဟာ သံရည်ကျိုမီးဖိုဖြစ်တဲ့ အီဂျစ်ပြည်ကနေ ယေဟောဝါ ခေါ်ထုတ်လာခဲ့သူတွေပါ။ ဒါကြောင့်လည်း အခုလို ဘုရားပိုင်ဆိုင်တဲ့ လူမျိုး ဖြစ်လာကြပြီ။+
၂၁ “ယေဟောဝါက ခင်ဗျားတို့ကြောင့် ကျွန်တော့်ကို အမျက်ထွက်ခဲ့တယ်။+ ဂျော်ဒန်မြစ်ကို မကူးရဘူး၊ ယေဟောဝါဘုရား အမွေပေးမယ့် သာယာလှပတဲ့ပြည်ထဲ မဝင်ရဘူးလို့ ကျိန်ဆိုခဲ့တဲ့အတွက်၊+ ၂၂ ဒီပြည်မှာပဲ ကျွန်တော် သေဆုံးရတော့မယ်။ ဂျော်ဒန်မြစ်ကို ကူးရမှာ မဟုတ်ဘူး။+ ခင်ဗျားတို့ကတော့ ဖြတ်ကူးပြီး သာယာလှပတဲ့ပြည်ကို သိမ်းယူရမယ်။ ၂၃ ခင်ဗျားတို့နဲ့ ယေဟောဝါဘုရားသခင်ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို+ မမေ့ဖို့၊ ယေဟောဝါဘုရား တားမြစ်ထားတဲ့ အရာတစ်ခုခုနဲ့တူတဲ့ ရုပ်တုကို မထုလုပ်မိဖို့ သတိထားကြပါ။+ ၂၄ ယေဟောဝါဘုရားဟာ လောင်ကျွမ်းစေတဲ့မီး၊+ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား+ ဖြစ်လို့ပဲ။
၂၅ “ခင်ဗျားတို့ အဲဒီပြည်မှာ သားမြေးတွေရလာပြီး အနေကြာလာတဲ့အခါ ဖောက်ပြန်လာမယ်၊ ရုပ်တုတွေ လုပ်မယ်၊+ ယေဟောဝါဘုရားရှေ့မှာ မကောင်းမှုလုပ်ပြီး အမျက်ထွက်စေမယ်ဆိုရင်၊+ ၂၆ ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး ကျွန်တော်ပြောမယ်– ခင်ဗျားတို့ဟာ ဂျော်ဒန်မြစ်ကို ကူးပြီး သိမ်းပိုက်ရတော့မယ့်ပြည်မှာ အမြန်ဆုံး ပျက်စီးသွားမယ်။ ကြာရှည်မနေရဘဲ အစတုံး ဖျက်ဆီးခံရမယ်။+ ၂၇ ယေဟောဝါဘုရားက ခင်ဗျားတို့ကို တကွဲတပြား ဖြစ်စေမယ်။+ တိုင်းပြည်အရပ်ရပ်ဆီ ယေဟောဝါ မောင်းထုတ်လိုက်တဲ့အတွက် အဲဒီပြည်တွေမှာ လူနည်းစုပဲ အသက်ရှင်ကျန်ရစ်ပြီး၊+ ၂၈ လူတွေလုပ်တဲ့ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်တဲ့ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို ဝတ်ပြုရလိမ့်မယ်။+
၂၉ “အဲဒီပြည်တွေမှာ ယေဟောဝါဘုရားကို ခင်ဗျားတို့ ရှာမယ်၊+ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ရှာဖွေမေးမြန်းမယ် ဆိုရင်တော့+ တွေ့ကိုတွေ့ရလိမ့်မယ်။ ၃၀ နောက်ပိုင်းမှာ ခင်ဗျားတို့ အကြီးအကျယ် ဒုက္ခရောက်ပြီး အခုပြောတဲ့အတိုင်း ကြုံရတဲ့အခါ ယေဟောဝါဘုရားဆီ ပြန်လှည့်လာပြီး ဘုရားရဲ့စကားကို နားထောင်ကြလိမ့်မယ်။+ ၃၁ ယေဟောဝါဘုရားဟာ ကရုဏာရှိတဲ့ဘုရား ဖြစ်လို့+ ခင်ဗျားတို့ကို မစွန့်ပစ်ဘူး၊ မဖျက်ဆီးဘူး။ ဘိုးဘေးတွေနဲ့ ကျိန်ဆိုပြီးဖွဲ့ထားတဲ့ ပဋိညာဉ်ကိုလည်း မမေ့ဘူး။+
၃၂ “ခင်ဗျားတို့ခေတ်မတိုင်ခင် တစ်ချိန်တုန်းကအကြောင်းတွေကို မေးကြည့်လိုက်ပါ။ ကမ္ဘာပေါ်မှာ လူကို ဘုရားသခင် ဖန်ဆင်းချိန်ကစပြီး ဒါမျိုးဖြစ်ဖူးလို့လား။ မိုးကောင်းကင်တစ်ဖက်စွန်းကနေ နောက်တစ်ဖက်စွန်းအထိ လိုက်ရှာကြည့်ပါ။ ဒီလိုကြီးကျယ်တဲ့ ဖြစ်ရပ်မျိုး ရှိဖူးလို့လား၊ ဒီလိုအကြောင်းမျိုး ကြားဖူးလို့လား။+ ၃၃ မီးထဲကနေ ဘုရားသခင် စကားပြောတဲ့အသံကို ခင်ဗျားတို့လို ကြားပြီးမှ အသက်ဆက်ရှင်တဲ့ လူမျိုးရယ်လို့ ရှိလို့လား။+ ၃၄ ယေဟောဝါဘုရားက အီဂျစ်ပြည်မှာ တရားစီရင်ချက်၊ အံ့ဖွယ်အမှု၊ ထူးဆန်းတဲ့အရာ၊+ စစ်ပွဲ၊+ အားကြီးတဲ့လက်၊+ တန်ခိုးကြီးတဲ့ လက်ရုံး၊ ကြောက်မက်ဖွယ် လုပ်ရပ်တွေနဲ့+ ခင်ဗျားတို့ကို တခြားလူမျိုးထဲကနေ ခေါ်ထုတ်လာခဲ့တယ်။ ဒါကို ခင်ဗျားတို့ မြင်ခဲ့ကြတာပဲ။ ဘုရားက ဘယ်လူမျိုးကို အဲဒီလို ခေါ်ထုတ်ခဲ့ဖူးလို့လဲ။ ၃၅ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်မှန်း ခင်ဗျားတို့ သိအောင် အဲဒါတွေ ပြသခဲ့တယ်။+ ဘုရားသခင်ကလွဲလို့ တခြားဘုရား မရှိဘူး။+ ၃၆ ဘုရားက ခင်ဗျားတို့ကို တည့်မတ်ပေးဖို့ မိုးကောင်းကင်ကနေ အသံတော်ကို ကြားစေခဲ့တယ်။ မြေကြီးပေါ်မှာ မီးတောက်မီးလျှံကြီးကို မြင်စေခဲ့တယ်။ မီးထဲကနေ ခင်ဗျားတို့ကို စကားပြောခဲ့တယ်။+
၃၇ “ဘုရားသခင်က ဘိုးဘေးတွေကို ချစ်လို့ သူတို့ရဲ့မျိုးနွယ်ကို ရွေးချယ်ပြီး+ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ကြီးမားတဲ့တန်ခိုးနဲ့ ခေါ်ထုတ်ခဲ့တယ်။ ၃၈ ပိုအင်အားကြီးတဲ့ လူမျိုးတွေကို ရှေ့ကနေ မောင်းထုတ်ပေးခဲ့တယ်။ ခင်ဗျားတို့ကို ခေါ်လာပြီး သူတို့ပြည်ကို အခုလို အမွေပေးခဲ့တယ်။+ ၃၉ ဒါကြောင့် အထက်ကောင်းကင်နဲ့ အောက်အရပ်မြေကြီးပေါ်မှာ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားသခင်ပဲဆိုတာ အခု စွဲစွဲမြဲမြဲ သိမှတ်ထားကြပါ။+ ကိုယ်တော့်လို ဘုရားမျိုး မရှိဘူး။+ ၄၀ အခု ကျွန်တော် မှာကြားနေတဲ့ စည်းမျဉ်းတွေ၊ ပညတ်ချက်တွေကို လိုက်နာကြပါ။ ဒါမှ ကိုယ်တိုင်ရော၊ သားမြေးတွေပါ ကောင်းစားပြီး ယေဟောဝါဘုရားပေးတဲ့ ပြည်မှာ အကြာကြီး နေရမယ်။”+
၄၁ အဲဒီအချိန်မှာ မောရှေက ဂျော်ဒန်မြစ်အရှေ့ဘက်မှာ မြို့သုံးမြို့ကို သီးသန့်ခွဲထားလိုက်တယ်။+ ၄၂ လူကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတဲ့သူက+ အသက်ချမ်းသာရဖို့ မြို့သုံးမြို့ထဲက တစ်မြို့မြို့ကို ထွက်ပြေးရမယ်။+ ၄၃ အဲဒီမြို့တွေကတော့ ရုဗင်အနွယ်ရဲ့ ပိုင်နက်ထဲက တောကန္တာရ ကုန်းပြင်မြင့်မှာ ဗေဇာမြို့၊+ ဂဒ်အနွယ်ရဲ့ ပိုင်နက်ထဲက ဂိလဒ်ပြည်မှာ ရာမုတ်မြို့၊+ မနာရှေအနွယ်ရဲ့ ပိုင်နက်ထဲက+ ဗာရှန်ပြည်မှာ ဂေါလန်မြို့ပဲ။+
၄၄ ဒါကတော့ အစ္စရေးလူမျိုးကို မောရှေပေးတဲ့ ပညတ်တရားပဲ။+ ၄၅ အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက် အစ္စရေးတွေကို မောရှေပေးခဲ့တဲ့ သတိပေးချက်တွေ၊ စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေ ဖြစ်တယ်။+ ၄၆ ဂျော်ဒန်မြစ်ဝှမ်းဒေသမှာ၊ ဗက်ပေဂုရမြို့ရှေ့က+ ချိုင့်ဝှမ်းမှာ၊ အာမောရိဘုရင် ရှိဟုန်ရဲ့ပြည်မှာ ပေးခဲ့တယ်။ မောရှေနဲ့ အစ္စရေးလူတွေက အီဂျစ်ပြည်ကနေ ထွက်လာပြီးနောက်+ ဟေရှဘုန်မြို့မှာစိုးစံတဲ့+ အာမောရိဘုရင် ရှိဟုန်ကို အနိုင်ရခဲ့တယ်။ ၄၇ ရှိဟုန်ဘုရင်ရဲ့ ပြည်အပြင် ဗာရှန်ဘုရင် ဩဂတ်ရဲ့ပြည်ကိုလည်း+ သိမ်းပိုက်ခဲ့ကြတယ်။ ဒီအာမောရိဘုရင်နှစ်ပါးဟာ ဂျော်ဒန်မြစ်အရှေ့ဘက် မြစ်ဝှမ်းဒေသမှာ နေထိုင်သူတွေပဲ။ ၄၈ သူတို့ရဲ့နယ်မြေက အာနုန်သဲချောင်းကမ်းနားပေါ်က အာရော်မြို့ကနေ+ ဟေရမုန်လို့ခေါ်တဲ့+ စိအုန်တောင်အထိ ကျယ်တယ်။ ၄၉ ပိသဂါတောင်ခြေမှာရှိတဲ့ အရာဗာအိုင်* အထိ ဂျော်ဒန်မြစ်အရှေ့ဘက် မြစ်ဝှမ်းဒေသက အရာဗာအရပ် တစ်ခုလုံးလည်း ပါဝင်တယ်။+