ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • မောရှေနဲ့ အာရုန် ဖာရောဆီသွား (၁-၅)

      • ဖိနှိပ်မှု တိုးလာ (၆-၁၈)

      • မောရှေနဲ့ အာရုန်ကို အစ္စရေးတွေ အပြစ်တင် (၁၉-၂၃)

ထွက်မြောက်ရာ ၅:၂

ကျမ်းညွှန်းများ

  • +ထွ ၇:၅; ၉:၁၅၊ ၁၆
  • +၂ဘု ၁၈:၂၈၊ ၃၅
  • +ထွ ၃:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၃၊ စာ. ၃-၅

ထွက်မြောက်ရာ ၅:၃

ကျမ်းညွှန်းများ

  • +ထွ ၃:၁၈

ထွက်မြောက်ရာ ၅:၄

ကျမ်းညွှန်းများ

  • +ထွ ၁:၁၁

ထွက်မြောက်ရာ ၅:၇

ကျမ်းညွှန်းများ

  • +ထွ ၁:၁၄

ထွက်မြောက်ရာ ၅:၁၀

ကျမ်းညွှန်းများ

  • +ထွ ၁:၁၁

ထွက်မြောက်ရာ ၅:၁၄

ကျမ်းညွှန်းများ

  • +ထွ ၂:၁၁

ထွက်မြောက်ရာ ၅:၁၇

ကျမ်းညွှန်းများ

  • +ထွ ၅:၇၊ ၈
  • +ထွ ၅:၃

ထွက်မြောက်ရာ ၅:၂၁

ကျမ်းညွှန်းများ

  • +ထွ ၆:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၁/၂၀၂၂၊ စာ. ၁၅

ထွက်မြောက်ရာ ၅:၂၃

ကျမ်းညွှန်းများ

  • +ထွ ၅:၁
  • +ထွ ၅:၆၊ ၉
  • +ထွ ၃:၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၅:၂ထွ ၇:၅; ၉:၁၅၊ ၁၆
ထွ. ၅:၂၂ဘု ၁၈:၂၈၊ ၃၅
ထွ. ၅:၂ထွ ၃:၁၉
ထွ. ၅:၃ထွ ၃:၁၈
ထွ. ၅:၄ထွ ၁:၁၁
ထွ. ၅:၇ထွ ၁:၁၄
ထွ. ၅:၁၀ထွ ၁:၁၁
ထွ. ၅:၁၄ထွ ၂:၁၁
ထွ. ၅:၁၇ထွ ၅:၇၊ ၈
ထွ. ၅:၁၇ထွ ၅:၃
ထွ. ၅:၂၁ထွ ၆:၉
ထွ. ၅:၂၃ထွ ၅:၁
ထွ. ၅:၂၃ထွ ၅:၆၊ ၉
ထွ. ၅:၂၃ထွ ၃:၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၅:၁-၂၃

ထွက်မြောက်ရာ

၅ မောရှေနဲ့အာရုန်က ဖာရောမင်းရှေ့ အခစားဝင်ပြီး “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ‘တောမှာ ငါ့အတွက် ပွဲတော်ကျင်းပနိုင်ဖို့ ငါ့လူမျိုးကို လွှတ်ပေးပါ’ လို့ပြောတယ်” ဆိုပြီး လျှောက်တင်တယ်။ ၂ ဒါပေမဲ့ ဖာရောမင်းက “ယေဟောဝါက ဘယ်သူမို့လို့+ သူ့စကားနားထောင်ပြီး အစ္စရေးတွေကို လွှတ်ပေးရမှာလဲ။+ ယေဟောဝါကို ငါလုံးဝမသိဘူး။ အစ္စရေးတွေကိုလည်း မလွှတ်ပေးနိုင်ဘူး”+ လို့ပြောတယ်။ ၃ ဒါနဲ့ သူတို့က “ဟီဘရူးတွေရဲ့ ဘုရားသခင်က ကျွန်တော်တို့နဲ့ ဆက်သွယ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါဆီ ပူဇော်သက္ကာဆက်သဖို့ တောကန္တာရကို သုံးရက်ခရီး သွားပါရစေ။+ မသွားရင် ကျွန်တော်တို့ကို ကပ်ရောဂါဘေး၊ ဓားဘေးနဲ့ ဒဏ်ခတ်လိမ့်မယ်” လို့ပြန်ပြောတယ်။ ၄ အီဂျစ်ဘုရင်ကလည်း “မောရှေနဲ့ အာရုန်၊ ဒီလူတွေ အလုပ်ပျက်အောင် မင်းတို့ ဘာလို့လုပ်နေတာလဲ။ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြစမ်း။+ ၅ ဒီလူတွေဟာ တိုင်းပြည်မှာ နည်းနည်းနောနော မဟုတ်ဘူး။ သူတို့ အလုပ်နားပြီး မင်းတို့နဲ့အတူလိုက်လို့ ဘယ်ဖြစ်မလဲ” လို့ပြောတယ်။

၆ အဲဒီနေ့မှာပဲ ဖာရောက အလုပ်ကြီးကြပ်သူတွေနဲ့ အစ္စရေးအလုပ်သမားခေါင်းဆောင်တွေကို၊ ၇ “ဒီလူတွေ အုတ်ဖုတ်ဖို့ ကောက်ရိုးမပေးနဲ့တော့။+ သူတို့ဘာသာ သွားရှာပါစေ။ ၈ ဒါပေမဲ့ အုတ်အရေအတွက်ကို အရင်အတိုင်း လုပ်ခိုင်းလိုက်။ အရေအတွက် မလျော့စေနဲ့။ ဒီလူတွေဟာ လူပျင်းတွေ။ ဒါကြောင့် ‘ဘုရားသခင်ဆီ ပူဇော်သက္ကာဆက်သဖို့ သွားချင်တယ်’ ဆိုပြီး တောင်းဆိုနေကြတာ။ ၉ ဒီလူတွေကို ပင်ပင်ပန်းပန်းလုပ်ခိုင်း၊ မနားစေနဲ့။ ဒါမှ အလိမ်အညာစကားတွေကို နားမယောင်ကြမှာ” လို့ အမိန့်ပေးတယ်။

၁၀ အဲဒီအခါ အလုပ်ကြီးကြပ်သူတွေနဲ့+ အစ္စရေးအလုပ်သမား ခေါင်းဆောင်တွေက “‘မင်းတို့ကို ကောက်ရိုးမပေးတော့ဘူး။ ၁၁ ကောက်ရိုးကို ကိုယ်တိုင်သွားရှာကြ။ အုတ်အရေအတွက်ကိုတော့ မလျော့စေနဲ့။’ ဒါ ဖာရောမင်းရဲ့အမိန့်ပဲ” လို့လူတွေကိုပြောတယ်။ ၁၂ လူတွေလည်း ကောက်ရိုးမပေးလို့ ရိုးပြတ်တွေကို အီဂျစ်ပြည်အနှံ့ လိုက်ရှာကြရတယ်။ ၁၃ အလုပ်ကြီးကြပ်သူတွေက “ကောက်ရိုးရတုန်းကလိုပဲ နေ့တိုင်း အလုပ်ကို အပြီးလုပ်ကြ” ဆိုပြီး မနားတမ်းခိုင်းကြတယ်။ ၁၄ ဖာရောရဲ့ အလုပ်ကြီးကြပ်သူတွေက အစ္စရေးအလုပ်သမား ခေါင်းဆောင်တွေကို “အုတ်တွေကို အရင်အရေအတွက်အတိုင်း လုပ်ခိုင်းလျက်နဲ့ မနေ့ကရော၊ ဒီနေ့ရော ဘာကြောင့်မပြီးတာလဲ” ဆိုပြီး ရိုက်နှက်ကြတယ်။+

၁၅ ဒါကြောင့် အစ္စရေးအလုပ်သမား ခေါင်းဆောင်တွေက ဖာရောမင်းဆီ သွားပြီး “ကျွန်တော်မျိုးတို့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ။ ၁၆ အလုပ်ကြီးကြပ်သူတွေက ကောက်ရိုးမပေးဘဲ အုတ်တွေလုပ်ခိုင်းတဲ့အပြင် ရိုက်လည်း ရိုက်တယ်။ အရှင်မင်းကြီးရဲ့လူတွေကသာ မှားတာပါ” လို့ ညည်းညူပြောဆိုကြတယ်။ ၁၇ ဒါပေမဲ့ ဖာရောမင်းက “လူပျင်းတွေ။ မင်းတို့က လူပျင်းတွေပဲ။+ ဒါကြောင့် ‘ယေဟောဝါဆီ ပူဇော်သက္ကာဆက်သဖို့ သွားချင်တယ်’ ဆိုပြီး တောင်းဆိုနေကြတာ။+ ၁၈ သွားကြစမ်း။ အလုပ်ပြန်လုပ်ကြ။ ကောက်ရိုးတော့ မပေးနိုင်ဘူး။ သတ်မှတ်ထားတဲ့ အုတ်အရေအတွက်အတိုင်း လုပ်ကြ” လို့ပြောတယ်။

၁၉ “တစ်နေ့စာ အုတ်အရေအတွက်ကို မလျော့စေနဲ့” ဆိုတဲ့အမိန့်ကြောင့် အစ္စရေးအလုပ်သမား ခေါင်းဆောင်တွေဟာ ဒုက္ခလှလှတွေ့ပြီဆိုတာ သိသွားတယ်။ ၂၀ ဖာရောဆီကနေ သူတို့ထွက်လာတဲ့အခါ ရပ်စောင့်နေတဲ့ မောရှေနဲ့အာရုန်ကိုလည်း တွေ့ရော၊ ၂၁ “ခင်ဗျားတို့ကြောင့် ဖာရောနဲ့မင်းမှုထမ်းတွေက ကျွန်တော်တို့ကို ကြည့်မရတော့ဘူး။ ခင်ဗျားတို့ရဲ့လုပ်ရပ်ကို ယေဟောဝါဘုရားမြင်ပြီး တရားစီရင်ပါစေ။ ကျွန်တော်တို့ကို သတ်ဖို့ သူတို့လက်ထဲ ဓားထည့်ပေးလိုက်သလို ဖြစ်နေပြီ”+ လို့ပြောကြတယ်။ ၂၂ အဲဒီအခါ မောရှေက ယေဟောဝါကို “ယေဟောဝါဘုရား၊ ဒီလူတွေ ဒုက္ခရောက်အောင် ဘာကြောင့်လုပ်ရတာလဲ။ ကျွန်တော့်ကို ဘာကြောင့်စေလွှတ်ရတာလဲ။ ၂၃ ကိုယ်တော့်နာမည်သုံးပြီး ဖာရောမင်းကို လျှောက်တင်လိုက်ကတည်းက+ ဒီလူတွေကို သူ ပိုနှိပ်စက်နေတယ်။+ ကိုယ်တော်ကလည်း အခုထိ မကယ်တင်သေးဘူး”+ လို့ပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ