ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • ပုရောဟိတ်ဝတ်စုံ (၁-၅)

      • သင်တိုင်း (၆-၁၄)

      • ရင်ဖုံး (၁၅-၃၀)

        • ဥရိမ်၊ သုမိမ် (၃၀)

      • လက်ပြတ်ဝတ်ရုံ (၃၁-၃၅)

      • ရွှေစင်ပြားတပ်ထားတဲ့ ခေါင်းပေါင်း (၃၆-၃၉)

      • တခြားပုရောဟိတ်ဝတ်စုံ (၄၀-၄၃)

ထွက်မြောက်ရာ ၂၈:၁

ကျမ်းညွှန်းများ

  • +ဝ ၈:၂; ဟီ ၅:၁
  • +ဟီ ၅:၄
  • +ဝ ၁၀:၁; တလ ၂၆:၆၁
  • +ထွ ၃၈:၂၁; ဝ ၁၀:၁၆; ၁ရ ၂၄:၂
  • +ထွ ၆:၂၃; ၁ရ ၆:၃

ထွက်မြောက်ရာ ၂၈:၂

ကျမ်းညွှန်းများ

  • +ထွ ၂၉:၅; ဝ ၈:၇

ထွက်မြောက်ရာ ၂၈:၃

ကျမ်းညွှန်းများ

  • +ထွ ၃၁:၆; ၃၆:၁

ထွက်မြောက်ရာ ၂၈:၄

ကျမ်းညွှန်းများ

  • +ထွ ၃၉:၈၊ ၁၅; ဝ ၈:၈
  • +ထွ ၃၉:၂
  • +ထွ ၃၉:၂၂
  • +ထွ ၃၉:၂၇၊ ၂၈၊ ၃၀၊ ၃၁; ဝ ၈:၉
  • +ထွ ၃၉:၂၇၊ ၂၉; ဝ ၈:၇

ထွက်မြောက်ရာ ၂၈:၆

ကျမ်းညွှန်းများ

  • +ထွ ၃၉:၂-၅

ထွက်မြောက်ရာ ၂၈:၈

ကျမ်းညွှန်းများ

  • +ထွ ၂၉:၅

ထွက်မြောက်ရာ ၂၈:၉

ကျမ်းညွှန်းများ

  • +ထွ ၃၅:၅၊ ၉၊ ၂၇
  • +ထွ ၁:၁-၄

ထွက်မြောက်ရာ ၂၈:၁၁

ကျမ်းညွှန်းများ

  • +ထွ ၃၉:၆၊ ၁၄

ထွက်မြောက်ရာ ၂၈:၁၂

ကျမ်းညွှန်းများ

  • +ထွ ၃၉:၇

ထွက်မြောက်ရာ ၂၈:၁၄

ကျမ်းညွှန်းများ

  • +ထွ ၃၉:၁၅
  • +ထွ ၃၉:၁၈

ထွက်မြောက်ရာ ၂၈:၁၅

ကျမ်းညွှန်းများ

  • +ထွ ၂၈:၃၀; ဝ ၈:၈; တလ ၂၇:၂၁
  • +ထွ ၃၉:၈-၁၄

ထွက်မြောက်ရာ ၂၈:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၁၂၊ စာ. ၂၆

ထွက်မြောက်ရာ ၂၈:၁၉

အောက်ခြေမှတ်ချက်များ

  • *

    ပယင်း၊ ဂေါ်မိတ်နီ၊ မဟူရာဖလား၊ မဟူရာနီစတဲ့ ကျောက်မျက်တစ်မျိုးမျိုးဖြစ်နိုင်။

ထွက်မြောက်ရာ ၂၈:၂၂

ကျမ်းညွှန်းများ

  • +ထွ ၃၉:၁၅-၁၈

ထွက်မြောက်ရာ ၂၈:၂၆

ကျမ်းညွှန်းများ

  • +ထွ ၃၉:၁၉-၂၁

ထွက်မြောက်ရာ ၂၈:၂၇

ကျမ်းညွှန်းများ

  • +ထွ ၂၈:၈; ဝ ၈:၇

ထွက်မြောက်ရာ ၂၈:၃၀

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၈:၈; တလ ၂၇:၂၁; တရ ၃၃:၈; ၁ရှ ၂၈:၆; ဧဇ ၂:၆၂၊ ၆၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ စာ. ၂၄၈၃-၂၄၈၄

ထွက်မြောက်ရာ ၂၈:၃၁

ကျမ်းညွှန်းများ

  • +ထွ ၃၉:၂၂-၂၆; ဝ ၈:၇

ထွက်မြောက်ရာ ၂၈:၃၅

ကျမ်းညွှန်းများ

  • +ဝ ၁၆:၂; တလ ၁၈:၇

ထွက်မြောက်ရာ ၂၈:၃၆

ကျမ်းညွှန်းများ

  • +ထွ ၃၉:၃၀၊ ၃၁; ဝ ၈:၉; ၁ရ ၁၆:၂၉; ဆ ၉၃:၅; ၁ပေ ၁:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၉/၂၀၂၀၊ စာ. ၅-၆

ထွက်မြောက်ရာ ၂၈:၃၇

ကျမ်းညွှန်းများ

  • +ထွ ၂၉:၆

ထွက်မြောက်ရာ ၂၈:၃၈

ကျမ်းညွှန်းများ

  • +ဝ ၂၂:၉; တလ ၁၈:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၉/၂၀၂၀၊ စာ. ၅-၆

ထွက်မြောက်ရာ ၂၈:၃၉

ကျမ်းညွှန်းများ

  • +ထွ ၂၈:၄; ၃၉:၂၇-၂၉

ထွက်မြောက်ရာ ၂၈:၄၀

ကျမ်းညွှန်းများ

  • +ထွ ၂၈:၂
  • +ဝ ၈:၁၃

ထွက်မြောက်ရာ ၂၈:၄၁

ကျမ်းညွှန်းများ

  • +ထွ ၂၉:၄၊ ၇; ၃၀:၃၀; တ ၁၀:၃၈; ၂က ၁:၂၁
  • +ထွ ၂၉:၈၊ ၉; ဝ ၈:၃၃; တလ ၃:၂၊ ၃

ထွက်မြောက်ရာ ၂၈:၄၂

ကျမ်းညွှန်းများ

  • +ဝ ၆:၁၀

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၂၈:၁ဝ ၈:၂; ဟီ ၅:၁
ထွ. ၂၈:၁ဟီ ၅:၄
ထွ. ၂၈:၁ဝ ၁၀:၁; တလ ၂၆:၆၁
ထွ. ၂၈:၁ထွ ၃၈:၂၁; ဝ ၁၀:၁၆; ၁ရ ၂၄:၂
ထွ. ၂၈:၁ထွ ၆:၂၃; ၁ရ ၆:၃
ထွ. ၂၈:၂ထွ ၂၉:၅; ဝ ၈:၇
ထွ. ၂၈:၃ထွ ၃၁:၆; ၃၆:၁
ထွ. ၂၈:၄ထွ ၃၉:၈၊ ၁၅; ဝ ၈:၈
ထွ. ၂၈:၄ထွ ၃၉:၂
ထွ. ၂၈:၄ထွ ၃၉:၂၂
ထွ. ၂၈:၄ထွ ၃၉:၂၇၊ ၂၈၊ ၃၀၊ ၃၁; ဝ ၈:၉
ထွ. ၂၈:၄ထွ ၃၉:၂၇၊ ၂၉; ဝ ၈:၇
ထွ. ၂၈:၆ထွ ၃၉:၂-၅
ထွ. ၂၈:၈ထွ ၂၉:၅
ထွ. ၂၈:၉ထွ ၃၅:၅၊ ၉၊ ၂၇
ထွ. ၂၈:၉ထွ ၁:၁-၄
ထွ. ၂၈:၁၁ထွ ၃၉:၆၊ ၁၄
ထွ. ၂၈:၁၂ထွ ၃၉:၇
ထွ. ၂၈:၁၄ထွ ၃၉:၁၅
ထွ. ၂၈:၁၄ထွ ၃၉:၁၈
ထွ. ၂၈:၁၅ထွ ၂၈:၃၀; ဝ ၈:၈; တလ ၂၇:၂၁
ထွ. ၂၈:၁၅ထွ ၃၉:၈-၁၄
ထွ. ၂၈:၂၂ထွ ၃၉:၁၅-၁၈
ထွ. ၂၈:၂၆ထွ ၃၉:၁၉-၂၁
ထွ. ၂၈:၂၇ထွ ၂၈:၈; ဝ ၈:၇
ထွ. ၂၈:၃၀ဝ ၈:၈; တလ ၂၇:၂၁; တရ ၃၃:၈; ၁ရှ ၂၈:၆; ဧဇ ၂:၆၂၊ ၆၃
ထွ. ၂၈:၃၁ထွ ၃၉:၂၂-၂၆; ဝ ၈:၇
ထွ. ၂၈:၃၅ဝ ၁၆:၂; တလ ၁၈:၇
ထွ. ၂၈:၃၆ထွ ၃၉:၃၀၊ ၃၁; ဝ ၈:၉; ၁ရ ၁၆:၂၉; ဆ ၉၃:၅; ၁ပေ ၁:၁၆
ထွ. ၂၈:၃၇ထွ ၂၉:၆
ထွ. ၂၈:၃၈ဝ ၂၂:၉; တလ ၁၈:၁
ထွ. ၂၈:၃၉ထွ ၂၈:၄; ၃၉:၂၇-၂၉
ထွ. ၂၈:၄၀ထွ ၂၈:၂
ထွ. ၂၈:၄၀ဝ ၈:၁၃
ထွ. ၂၈:၄၁ထွ ၂၉:၄၊ ၇; ၃၀:၃၀; တ ၁၀:၃၈; ၂က ၁:၂၁
ထွ. ၂၈:၄၁ထွ ၂၉:၈၊ ၉; ဝ ၈:၃၃; တလ ၃:၂၊ ၃
ထွ. ၂၈:၄၂ဝ ၆:၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၂၈:၁-၄၃

ထွက်မြောက်ရာ

၂၈ “ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့+ မင်းအစ်ကိုအာရုန်နဲ့+ သူ့သား နာဒပ်၊ အဘိဟု၊+ ဧလာဇာ၊ ဧသမာတို့ကို+ အစ္စရေးတွေထဲကနေ ရွေးချယ်ပါ။+ ၂ မင်းအစ်ကို အာရုန်အတွက် ခံ့ညားထည်ဝါပြီး သန့်ရှင်းတဲ့အဝတ်တွေ ချုပ်ပေးရမယ်။+ ၃ အာရုန်ကို သန့်ရှင်းမြင့်မြတ်စေမယ့် အဝတ်တွေ ချုပ်ပေးဖို့ ငါ ဉာဏ်ပညာပေးထားသူတွေ၊+ လက်မှုပညာသည်တွေကို မှာကြားပါ။ အာရုန်က ငါ့ရဲ့ပုရောဟိတ်အဖြစ် အမှုဆောင်ရမယ်။

၄ “လက်မှုပညာသည်တွေက ရင်ဖုံး၊+ သင်တိုင်း၊+ လက်ပြတ်ဝတ်ရုံ၊+ လေးထောင့်ကွက်ပေါ်အောင် ရက်ထားတဲ့ ဝတ်လုံရှည်၊ ခေါင်းပေါင်း၊+ ခါးပန်းတွေကို+ ချုပ်ပေးရမယ်။ ပုရောဟိတ်တွေအဖြစ် အမှုဆောင်နိုင်ဖို့ မင်းအစ်ကို အာရုန်နဲ့ သားတွေအတွက် သန့်ရှင်းတဲ့အဝတ်တွေကို ချုပ်ပေးရမယ်။ ၅ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေကို သုံးရမယ်။

၆ “သင်တိုင်းကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ အလှဆင်ပြီး ရက်ရမယ်။+ ၇ သင်တိုင်းရဲ့ အပေါ်အနားနှစ်ဖက်မှာ ပခုံးကြိုးပြားနှစ်ခုကို တပ်ရမယ်။ ၈ သင်တိုင်းချပ်ရပ်နေအောင် ချည်ပေးမယ့် ခါးစည်းကြိုးကိုလည်း+ သင်တိုင်းရက်တဲ့အတိုင်း ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေသုံးပြီး ရက်ရမယ်။

၉ “မဟူရာကြောင်ဝင်ကျောက်+ နှစ်လုံးပေါ်မှာ အစ္စရေးမျိုးနွယ်ရဲ့ နာမည်တွေ ရေးထွင်းရမယ်။+ ၁၀ ကျောက်တစ်လုံးပေါ်မှာ နာမည်ခြောက်ခု၊ နောက်တစ်လုံးပေါ်မှာ နာမည်ခြောက်ခုကို မျိုးနွယ်ကြီးစဉ်ငယ်လိုက် ရေးထွင်းရမယ်။ ၁၁ တံဆိပ်တုံးမှာရေးထွင်းသလိုမျိုး အစ္စရေးမျိုးနွယ်ရဲ့ နာမည်တွေကို အဲဒီကျောက်နှစ်လုံးပေါ်မှာ ရေးထွင်းရမယ်။+ ပြီးတော့ ကျောက်နှစ်လုံးကို ရွှေပြားနဲ့ ကွပ်ရမယ်။ ၁၂ အစ္စရေးလူမျိုးကို အမှတ်ရစေဖို့ သင်တိုင်းရဲ့ ပခုံးကြိုးပြားတွေပေါ်မှာ ကျောက်နှစ်လုံး တပ်ရမယ်။+ အာရုန်က သူတို့နာမည်ကို ပခုံးကြိုးပြားတွေပေါ် ဆောင်ထားတဲ့အတွက် ယေဟောဝါက သူတို့ကို အမှတ်ရနေလိမ့်မယ်။ ၁၃ ရွှေပြားအကွပ်တွေ လုပ်ရမယ်။ ၁၄ ရွှေစင်ကြိုးနှစ်ပင်ကို ကျစ်ပြီး+ ရွှေပြားအကွပ်တွေနဲ့ ချိတ်ဆက်ပေးရမယ်။+

၁၅ “သင်တိုင်းလိုပဲ တရားစီရင်ချက်ရင်ဖုံးကိုလည်း+ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ အလှဆင်ပြီး ရက်ရမယ်။+ ၁၆ ရင်ဖုံးကို ခေါက်လိုက်တဲ့အခါ အလျားတစ်ထွာ၊ အနံတစ်ထွာရှိတဲ့ စတုရန်းပုံဖြစ်ရမယ်။ ၁၇ ရင်ဖုံးပေါ်မှာ ကျောက်မျက်လေးတန်း စီခြယ်ရမယ်။ ပထမအတန်းမှာ ပတ္တမြား၊ ဥဿဖရား၊ မြ၊ ၁၈ ဒုတိယအတန်းမှာ စိမ်းပြာကျောက်၊ နီလာ၊ နဂါးသွဲ့၊ ၁၉ တတိယအတန်းမှာ လဲ့ရှမ်ကျောက်၊* သင်္ဘောမဟူရာ၊ ခရမ်းစွဲ၊ ၂၀ စတုတ္ထအတန်းမှာ ပြောင်ခေါင်းစိမ်း၊ မဟူရာကြောင်ဝင်၊ ကျောက်စိမ်း ရှိရမယ်။ အဲဒီကျောက်မျက်တွေကို ရွှေနဲ့ကွပ်ရမယ်။ ၂၁ ကျောက်မျက်တွေက အစ္စရေးမျိုးနွယ် ၁၂ နွယ်ကို ကိုယ်စားပြုတယ်။ ကျောက်မျက်တစ်လုံးစီမှာ တစ်နွယ်စီရဲ့နာမည်ကို ရေးထွင်းရမယ်။

၂၂ “ရွှေစင်ကြိုးလုံးလေးတွေကို ကျစ်ပြီး ရင်ဖုံးပတ်လည်မှာ တပ်ရမယ်။+ ၂၃ ရွှေကွင်းနှစ်ကွင်း လုပ်ပြီး ရင်ဖုံးရဲ့ထောင့်နှစ်ဖက်မှာ တပ်ရမယ်။ ၂၄ ရွှေစင်ကြိုးနှစ်ပင်ကို ရင်ဖုံးထောင့်က ရွှေကွင်းနှစ်ကွင်းမှာ ချိတ်ရမယ်။ ၂၅ ရွှေစင်ကြိုးနှစ်ပင်ရဲ့ ကျန်တဲ့အစွန်းနှစ်ခုကို ရွှေပြားအကွပ်နှစ်ခုနဲ့ ချိတ်ပြီး သင်တိုင်းရဲ့ရှေ့ခြမ်း ပခုံးကြိုးပြားတွေပေါ် တပ်ရမယ်။ ၂၆ ရွှေကွင်းနှစ်ကွင်း လုပ်ပြီး သင်တိုင်းနဲ့ကပ်လျက်ရှိတဲ့ ရင်ဖုံးရဲ့အတွင်းဘက် အောက်အနားစွန်းနှစ်ဖက်မှာ တပ်ရမယ်။+ ၂၇ နောက်ထပ်ရွှေကွင်း နှစ်ကွင်း လုပ်ပြီး သင်တိုင်းအပြင်ဘက်၊ ခါးစည်းကြိုးအထက်နား ပခုံးကြိုးပြားနှစ်ပြားရဲ့ ကျန်အနားစွန်းနှစ်ဖက်မှာ တပ်ရမယ်။+ ၂၈ ရင်ဖုံးရဲ့ကွင်းနဲ့ သင်တိုင်းရဲ့ကွင်းကို အပြာရောင်ကြိုးနဲ့ ဆက်ထားရမယ်။ ဒီနည်းနဲ့ ရင်ဖုံးက ခါးစည်းကြိုးအထက်နားမှာ နေရာတကျရှိနေမယ်။

၂၉ “အာရုန်က သန့်ရှင်းရာအခန်းကို ဝင်တဲ့အခါ တရားစီရင်ချက်ရင်ဖုံးကို ဝတ်ဆင်ရမယ်။ ရင်ဖုံးပေါ်မှာ အစ္စရေးမျိုးနွယ်ရဲ့ နာမည်တွေပါတဲ့အတွက် သူတို့ကို ယေဟောဝါ အမြဲအမှတ်ရလိမ့်မယ်။ ၃၀ အာရုန်က ယေဟောဝါရှေ့ကို ဝင်တဲ့အခါ ဥရိမ်နဲ့သုမိမ်ကို*+ တရားစီရင်ချက်ရင်ဖုံးထဲ ထည့်ထားရမယ်။ ယေဟောဝါရှေ့ အစ္စရေးလူမျိုးကို တရားစီရင်တဲ့အခါ ဥရိမ်နဲ့သုမိမ် ပါတဲ့ ရင်ဖုံးကို အမြဲဝတ်ထားရမယ်။

၃၁ “လက်ပြတ်ဝတ်ရုံကို အပြာရောင်ချည်တစ်မျိုးတည်းနဲ့ ရက်ရမယ်။+ ၃၂ ဝတ်ရုံမှာ လည်ပင်းပေါက် ဖောက်ရမယ်။ လည်ပင်းပေါက် မစုတ်ပြဲအောင် သံချပ်အင်္ကျီလို လည်ပင်းပေါက်အနားပတ်လည်ကို ရက်ပြီးကွပ်ရမယ်။ ၃၃ လက်ပြတ်ဝတ်ရုံရဲ့ အောက်အနားပတ်လည်မှာ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်တွေနဲ့ လုပ်ထားတဲ့ သလဲသီးတွေ တပ်ရမယ်။ သလဲသီးတွေကြားမှာ ရွှေဆည်းလည်းတွေ တပ်ရမယ်။ ၃၄ ဝတ်ရုံရဲ့ အောက်အနားပတ်လည်မှာ ရွှေဆည်းလည်းနဲ့ သလဲသီးကို တစ်လုံးခြားစီ တပ်ရမယ်။ ၃၅ အာရုန်က အမှုဆောင်တဲ့အခါ လက်ပြတ်ဝတ်ရုံကို ဝတ်ထားရမယ်။ ယေဟောဝါရှေ့ သန့်ရှင်းရာဌာနတော်ထဲ သူဝင်ထွက်တဲ့အခါ ဆည်းလည်းသံမြည်တဲ့အတွက် သေဘေးကနေ လွတ်လိမ့်မယ်။+

၃၆ “တောက်ပြောင်တဲ့ ရွှေစင်ပြားတစ်ခု လုပ်ရမယ်။ အဲဒီပေါ်မှာ ‘ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်’ ဆိုပြီး ရေးထွင်းရမယ်။+ ၃၇ အဲဒီရွှေပြားကို ခေါင်းပေါင်းရှေ့ဘက်မှာ+ အပြာရောင်ကြိုးနဲ့ချည်ပြီး တပ်ရမယ်။ ၃၈ အဲဒီရွှေပြားက အာရုန်ရဲ့နဖူးပေါ်မှာ ရှိရမယ်။ အစ္စရေးတွေ ဆက်ကပ်ထားတဲ့ သန့်ရှင်းမြင့်မြတ်ရာတွေနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် အမှားအယွင်းလုပ်မိတဲ့အခါ+ အာရုန်က တာဝန်ယူရမယ်။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို သူတို့ရနိုင်ဖို့ အဲဒီရွှေပြားက အာရုန်ရဲ့နဖူးပေါ်မှာ အမြဲရှိနေရမယ်။

၃၉ “လေးထောင့်ကွက်တွေဖော်ထားတဲ့ ဝတ်ရုံရှည်ကို ချည်ချောနဲ့ရက်ပြီး ခေါင်းပေါင်းကိုလည်း ချည်ချောနဲ့ ရက်ရမယ်။ ခါးပန်းကိုလည်း ရက်ရမယ်။+

၄၀ “အာရုန်ရဲ့သားတွေအတွက် ခံ့ညားထည်ဝါတဲ့+ ဝတ်လုံရှည်တွေ၊ ခါးပန်းတွေ၊ ပိတ်ဦးထုပ်တွေ ချုပ်ပေးရမယ်။+ ၄၁ မင်းအစ်ကိုအာရုန်နဲ့ သားတွေကို ဝတ်ဆင်ပေးရမယ်။ ငါ့ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ သူတို့ကို ဘိသိက်ပေး+ ခန့်အပ်ပြီး+ သန့်ရှင်းမြင့်မြတ်စေမယ်။ ၄၂ ရှက်စရာအင်္ဂါတွေ မပေါ်အောင် ခါးကနေ ပေါင်အထိရှည်တဲ့ ပိတ်ဘောင်းဘီကို သူတို့အတွက် ချုပ်ပေးရမယ်။+ ၄၃ အာရုန်နဲ့သားတွေက တွေ့ဆုံရာတဲတော်ကို ဝင်တဲ့အခါ၊ သန့်ရှင်းရာဌာနတော်မှာ အမှုဆောင်ဖို့ ပူဇော်ရာပလ္လင်အနားကို သွားတဲ့အခါ အပြစ်သင့်ပြီး မသေရအောင် အဲဒါတွေကို ဝတ်ထားရမယ်။ ဒါဟာ အာရုန်နဲ့ သားစဉ်မြေးဆက်တွေ လိုက်နာရမယ့် အမြဲတည်တဲ့ဥပဒေပဲ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ