ဆာလံ
၉၉ ယေဟောဝါ ဘုရင်ဖြစ်ပြီ။+ လူတွေ တုန်လှုပ်ပါစေ။
ခေရုဗိမ်တွေပေါ်မှာ* ဘုရား စံမြန်းပြီ။+ ကမ္ဘာမြေ ဖိမ့်ဖိမ့် တုန်ပါစေ။
၂ ဇိအုန်တောင်မှာ ယေဟောဝါဟာ ကြီးမြတ်တယ်။
လူအားလုံးကို အုပ်စိုးတဲ့အရှင်ပဲ။+
၃ ကြီးမြတ်တဲ့ နာမတော်ကို လူတွေ ချီးမွမ်းကြပါစေ။+
နာမတော်ဟာ ရိုသေခန့်ညားဖွယ်ကောင်းပြီး သန့်ရှင်းမြင့်မြတ်တယ်။
၄ ဘုရားဟာ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ ခွန်အားကြီးဘုရင် ဖြစ်တယ်။+
ဖြောင့်မှန်မှုကို ခိုင်ခံ့မြဲမြံစေတယ်။
ယာကုပ်အမျိုးအတွက် တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ယူဆောင်လာတယ်။+
၅ ငါတို့ရဲ့ဘုရား ယေဟောဝါကို ချီးမြှောက်ကြပါ။+ ခြေတော်တင်ရာခုံ ရှေ့မှာ ဦးချကြပါ။+
ဘုရားဟာ သန့်ရှင်းမြင့်မြတ်တယ်။+
၆ ဘုရားရဲ့ ပုရောဟိတ်တွေထဲမှာ မောရှေနဲ့ အာရုန်ပါတယ်။+
နာမတော်ကိုခေါ်ပြီး ဆုတောင်းသူတွေထဲမှာ ရှမွေလပါတယ်။+
သူတို့ ဆုတောင်းတဲ့အခါ ယေဟောဝါ ဖြေကြားတယ်။+
၇ ဘုရားက သူတို့ကို မိုးတိမ်တိုက်ထဲကနေ စကားပြောတယ်။+
ဘုရားပေးတဲ့ သတိပေးချက်တွေ၊ အမိန့်တွေကို သူတို့လိုက်နာတယ်။+
၈ ယေဟောဝါဘုရား၊ သူတို့ကို ကိုယ်တော် ဖြေကြားခဲ့တယ်။+
ကိုယ်တော်ဟာ သူတို့ကို ခွင့်လွှတ်တဲ့ ဘုရားဖြစ်တယ်။+
ဒါပေမဲ့ အပြစ်ရှိတဲ့ လုပ်ရပ်တွေအတွက် ဒဏ်ပေးခဲ့တယ်။+
၉ ယေဟောဝါဘုရားဟာ သန့်ရှင်းမြင့်မြတ်တယ်။+
ယေဟောဝါဘုရားကို ချီးမြှောက်ကြပါ။+
သန့်ရှင်းတဲ့ တောင်တော်ရှေ့မှာ ဦးချကြပါ။+